ဇန်နဝါရီ ၂၀ ။ ။ ယမန်နေ့က အီရန် နိုင်ငံ မြို့တော် Tehran တွင် ဖြစ်ပွားခဲ့သော အထပ်မြင့် အဆောက်အအုံ မီးလောင်ပြိုကျမှုဖြစ်စဉ်တွင် ပိတ်မိသေဆုံးသွားသည့် မီးသတ်သမား ၂၀ ထက်မနည်း ရှိခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မြို့လယ်ခေါင်ရှိ အထပ် ၁၇ ထပ်မြင့် အဆောက်အအုံမှာ ဇန်နဝါရီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားများ လာရောက်မီးငြိမ်းသတ်စဉ် ပြိုကျသွားခဲ့ခြင်းလည်း ဖြစ်သည်။
ယခုလက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် အနည်းဆုံးမီးသတ်သမား အယောက် ၂၀ သေဆုံးသွားကြောင်း မြို့တော်ဝန်က အတည်ပြုပြောကြားပေးသွားသည်။
ပြိုကျသွားသည့် အဆိုပါ အထပ်မြင့်အဆောက်အအုံမှာ Tehran မြို့မှ အထင်ကရ အဆောက်အအုံများထဲမှာ တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရသည်။
နိုင်ငံပိုင် Press TV သတင်းဌာနကလည်း ယင်းဖြစ်စဉ်ကြောင့် မီးသတ်သမား ၂၀ သေဆုံးသွားကြောင်း အတည်ပြုဖော်ထုတ်ခဲ့ပြီး အခြား ဒါဇင်ပေါင်းများစွာ အပျက်အစီးပုံများအောက်တွင် ပိတ်မိနိုင်နေသေးကြောင်း ဖော်ပြသွားသည်။