မော်စကို ၊ ဇန်နဝါရီ ၁၈ ။ ။ ရုရှားအာဏာပိုင်များဟာ အမေရိကန်ထောက်လှမ်းရေး သတင်းများကို ပေါက်ကြားစေခဲ့သူ အပ်ဒ်ဝါ့စနိုဒန်အား ရုရှားနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့် နောက်ထပ်၂နှစ်ခွင့်ပြုလိုက်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနမှ ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
အမျိုးသားလုံခြုံရေးအေဂျင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူ စနိုဒန်ဟာ လွန်ခဲ့သော၂၀၁၃ခုနှစ်တုန်းက ကမ္ဘာတစ်ဝန်းနှင့်အမေရိကန်နိုင်ငံတို့ရှိ လူသားများအားလုံးဟာ စောင့်ကြည့်မှုများ လုပ်ခံနေရသည် ဆိုသော သတင်းပေါက်ကြားမှုအများအပြားကိုအကြီးအကျယ်ပြုလုပ်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းအား ကိုင်လှုပ်ခဲ့သူတစ်ယောက်ဖြစ်သည်။
ယခုကြေညာချက်သည် ရာထူးမှထွက်ခွာတော့မည့်အမေရိကန်သမ္မဘားရက်အိုဘားမားက အရေးကြီးသော စစ်ဘက်ဆိုင်ရာအချက်အလက်များကို ဝီကီလိခ်သို့ ပေါက်ကြားစေခဲ့မှုဖြင့် ထောင်ဒဏ်၃၅နှစ် ချမှတ်ခံထားရသော အမေရိကန်စစ်သား ချယ်လ်ဆီးမန်းနင်းအား ပြစ်ဒဏ်လျှော့ပေးခဲ့မှုအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စနိုဒန်ဟာ အိုဘားမား၏ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းခံရသော သူများစာရင်းထဲတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။