ဘတ်စ်ကားလမ်းကြောင်းသစ်တွေအတွက် ပြည်သူတွေ ဘာတွေ စိုးရိမ်နေလဲ

ဘတ်စ်ကားလမ်းကြောင်းသစ်တွေအတွက် ပြည်သူတွေ ဘာတွေ စိုးရိမ်နေလဲ
ရန်ကုန်မြို့မှာ အများပိုင်ယာဉ်လိုင်းများ စတင်ပြေးဆွဲမယ့် ဘတ်(စ်)ကားလမ်းကြောင်းသစ်အတွက် ပြည်သူတွေအနေနဲ့ မိမိတ့ိုစီးရမယ်လမ်းကြောင်းအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း မဇ္ဈိမက လိုက်လံမေးမြန်းမှုတွေအရ သိရပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။  ။ ရန်ကုန်မြို့မှာ အများပိုင်ယာဉ်လိုင်းများ စတင်ပြေးဆွဲမယ့် ဘတ်(စ်)ကားလမ်းကြောင်းသစ်အတွက် ပြည်သူတွေအနေနဲ့ မိမိတ့ိုစီးရမယ်လမ်းကြောင်းအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း မဇ္ဈိမက လိုက်လံမေးမြန်းမှုတွေအရ သိရပါတယ်။

အဆိုပါယာဉ်လိုင်းများပြေးဆွဲဖို့ နှစ်ရက်သာလိုပါတော့တယ်။ ဒါပေမယ့် ပြည်သူတွေအတွက်ကတော့ မိမိတို့ စီးမယ့် လမ်းကြောင်းအတွက် စိတ်ပူနေကြပါတယ်။ 

မြောက်ဥက္ကလာကနေ မြို့ထဲကို လာရောက်သင်တန်းတက်နေတဲ့ မဝတ်ရည်မိုးလွင်ကတော့ နောက်တစ်ပတ်ကားစီးရမှာကို စိုးရိမ်နေတယ်လို့ပြောပါတယ်။

"ညီမကမြောက်ဥက္ကလာမှာနေတယ်။ နေတော့ မြောက်ဥက္ကလာကနေ ၄၃ စီးရင် ဆူးလေ ရောက်တယ်။ ခုဟာကလိုင်းတွေကသာ ရေးထားတာ။ ဘာပြောချင်မှန်းနားမလည်ဘူး။ လိုင်းတွေကရှုပ်နေတယ်။ ပြောချင်တာက တစ်ချို့ကပြောတယ်။ တစ်လိုင်းတည်းကို နံပါတ်တစ်ခုတည်းသွားမယ်တဲ့။ အဲဒါဆိုလို့ရှိရင် ညီမတို့ကျောင်းသွားရတာ သင်တန်းလာရတာ နောက်ကျမှာစိုးတယ်ပေါ့နော်။"

 တာမွေမြို့နယ်မှ ဆူးလေကိုလာရောက်အလုပ်လုပ်ကိုင်နေတဲ့ ခရီးသယ်တစ်ဦးက လမ်းကြောင်းတွေကများနေတဲ့အတွက် စနစ်သစ်မှာ ကားခတွေမြင့်တက်သွားမှာစိုးရိမ်နေတယ်လို့ ပြောပါတယ်။

"အရင်က တစ်လ ကို၂ သောင်းလောက်ကုန်ရင်အခုဆို လေးသောင်းလောက်ကုန်နိုင်တယ်"

လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်း နေ့စဉ် ခရီးသွားဦးရေ ၂ သိန်းခွ ဲကျော်ရှိပြီး ယာဉ်အစီးရေ (၇၀၀၀) ခန့်နဲ့ပြေးဆွဲနေတယ်လို့သိရပါတယ်။

ဇန်နဝါရီ ၁၆ရက်မှာ စတင်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေအတွက် ယာဉ်စီးခနှုန်းထားတွေကို ခရီးစဉ်ပေါ်မူတည်ပြီး ကျပ် ၁၀၀ ကနေ ကျပ် ၃၀၀အထိ ရှိနိုင်ပြီး အချို့ယာဉ်လိုင်းတွေအနေနဲ့ ပုံသေနှုန်းထားရှိနိုင်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ခရီးစဉ်လမ်းကြောင်းတွေအတွက်တော့ စတင်ပြေးဆွဲမယ့် ဇန်နဝါရီ ၁၆ရက်မှာ စေတနာ့ဝန်ထမ်းတွေက ခရီးစဉ်စာရွက်တွေနဲ့ ရှင်းပြကူညီပေးမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly