ဟားမက်စ်တို့၏ မာယာထောင်ချောက်အတွင်းသို့ ရောက်ရှိသွားခဲ့သော အစ္စရေးစစ်သားများ

ဟားမက်စ်တို့၏ မာယာထောင်ချောက်အတွင်းသို့ ရောက်ရှိသွားခဲ့သော အစ္စရေးစစ်သားများ

အစ္စရေးစစ်တပ်မှ သူတို့ဟာ ဟားမက်စ်စစ်သွေးကြွတို့က ရိုက်စားအကွက်ဖြင့် အစ္စရေးစစ်သားများ၏ မိုဘိုင်းဖုန်း များကို ဟက်ပြီး သတင်းရယူဖို့ ကြိုးစားခြင်းလုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း   ပြောဆိုခဲ့သည်။

ပါလက်စတိုင်းအဖွဲ့ဝင်ဟားမက်စ် စစ်သွေးကြွတို့ဟာ အစ္စရေးစစ်သားများကို အွန်လိုင်းပေါ်တွင် ရှာတွေ့ခဲ့ပြီး အကောင့်တုများကို အသုံးပြုကာ အွန်လိုင်းပေါ်တွင် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့ကြောင်း အစ္စရေးအရာရှိများက ပြောခဲ့ သည်။ ထိုအကောင့်တုများက လှပသော အမျိုးသမီးဓာတ်ပုံများကို အသုံးပြုကာ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့ကြသည်။

ဒါ့အပြင် စစ်သားဒါဇင်ပေါင်းများစွာဟာ သူတို့၏ ဖုန်းကင်မရာများနှင့် မိုက်ကရိုဖုန်းများကို ထိန်းချုပ်နိုင်သော အက်ပလီကေးရှင်းများကို ဖုန်းအသွင်းထည့်သွင်းရန် ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ဟားမက်စ်တို့ ဟာ အရေးကြီးသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောခဲ့သည်။

ထိုဆွဲဆောင်ခံခဲ့ရသော စစ်သားများဟာ ရာထူးနိမ့်ပြီး ရိုက်စားလုပ်သူများဟာ အစ္စရေးစစ်တပ်၏ လျှို့ဝှက်စစ်ရေး လေ့ကျင့်မှုများ၊ စစ်တပ်အင်အားများ နှင့် ဟားမက်စ်တို့ထိန်းချုပ်ရာ ဂါဇာကမ်းမြှောင်ဒေသနားမှ လက်နက်အင် အားများကိုစိတ်ဝင်တစား ရယူဖို့ကြိုးစားခဲ့ကြောင်း အရာရှိက ထပ်ပြောခဲ့သည်။

ထိုအမည်မဖော်ပြထားသော အရာရှိက ရိုက်စားလုပ်သူများ အသုံးပြုခဲ့သော အမျိုးသမီးဓာတ်ပုံများနှင့် ကိုယ်ရေး ကိုယ်တာအချက်အလက်များဟာ တကယ့်အစစ်များဖြစ်ပြီး လူမှုမီဒီယာရှိ ပရိုဖိုင်းဓာတ်ပုံများမှ ဟားမက်စ်တို့ ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly