စစ်မှုထမ်းတာဝန်များ စတင် ထမ်းဆောင်တော့မယ့် ယန်ဟို

စစ်မှုထမ်းတာဝန်များ စတင် ထမ်းဆောင်တော့မယ့် ယန်ဟို

ဆိုးလ်၊ ဇူလိုင် ၂၁ ။    ။ ကေပေါ့ နှစ်ယောက်တွဲ အမျိုးသားအဆိုတော်အဖွဲ့ TVXQ မှ ယန်ဟိုသည် ဇူလိုင် ၂၁ ရက်နေ့လယ်တွင် စစ်မှုထမ်းတာဝန်များ စတင်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက သတင်းထုတ်ပြန်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ယန်ဟို သီတင်းပတ်ပေါင်းများစွာကြာ လေ့ကျင့်မှုများ ပြုလုပ်မည့် နေရာနှင့် စစ်မှုထမ်းဆောင်မည့် အချိန်အတိအကျကို ပြောကြားခဲ့ခြင်း မရှိပေ။ ယန်ဟိုသည် ၂၁ လ ကြာမြင့်မည့် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်မည့် အစိတ် အပိုင်းတစ်ရပ်အဖြစ် သီတင်းပတ် ငါးပတ် ကြာမြင့်မည့် အခြေခံစစ်သင်တန်းကို ဇူလိုင် ၂၁ ရက်မှ စတင်ကာ လုပ်ဆောင်သွား မည်ဖြစ်သည်။

ယန်ဟိုသည် ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် စစ်မှုထမ်း တာဝန်များ ပြီးစီးမည်ဖြစ်သည်။ အဖွဲ့ဝင်ချောင်မင်းသည်လည်း ယခုနှစ် မကုန်ခင် စစ်တပ်ထဲဝင်ရန် စီစဉ်လျက်ရှိသည်။ စစ်မှုထမ်း တာဝန်များ မထမ်းဆောင်မီ ယန်ဟိုသည် ဆိုးလ်မြို့၌ ဇွန် ၁၃ နှင့် ၁၄ရက်က ကျင်းပသော TVXQ ဖျော်ဖြေပွဲတွင် ပရိသတ်များကို နှုတ်ဆက်စကားပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား အမျိုးသားအားလုံးသည် နှစ်နှစ်ကြာ စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags