၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာထိ စာရင်းများအရ စစ်ကိုင်းတိုင်း၌ သစ်တန်ချိန် ရ၀၀၀ ကျော် ဖမ်းမိထား

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာထိ စာရင်းများအရ စစ်ကိုင်းတိုင်း၌ သစ်တန်ချိန် ရ၀၀၀ ကျော် ဖမ်းမိထား

မုံရွာ၊ ဇန်နဝါရီ ၁၁။                 ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ဒီဇင်ဘာလကုန်အထိ စာရင်းများအရ သစ်တန်ချိန် ရ၀၀၀ ကျော်အား ဖမ်းဆီးရမိထား ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလကုန်အထိ ဖမ်းဆီးရမိသော သစ်တန်ချိန် စာရင်းများအရ ဖြစ်ပြီး သစ်လုံးနှင့်ခွဲသားများ၏ တန်ချိန်ဖြစ်ကြောင်း သိရသည်။

ကျွန်းသစ်လုံး ၁၈၁၈. ၃၅၆၇ တန်နှင့် ကျွန်းခွဲသား ၄၃၈. ရ၆၂၄ တန်၊ သစ်မာလုံး ၆၅၉ . ၆၉၄၅ တန်နှင့် သစ်မာခွဲသား ၁၈၆၃ . ၂၁၅၀ တန်၊ အခြားသစ်လုံး ၁၅၅၉ .၂၆၁၆ တန် နှင့် အခြားသစ်ခွဲသား ၁၄၀၇ . ၆၆၉၂ တန် တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာန၏သစ်ဖမ်းဆီးရမိမှု စာရင်းများအရ သိရသည်။

အဆိုပါဖမ်းဆီးရမိသော သစ်တန်ချိန်များအား စာရင်းပေါင်းပါက သစ်လုံး ၄၀၃၇ .  ၃၁၂၈ တန် နှင့် သစ်ခွဲသား ၃၇၀၉ . ၆၄၆၆ တန် တို့ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းအားဖြင့် တန်ချိန် ရ၇၄၆ . ၉၅၉၄ တန်အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာ လကုန်ထိ ကာလတူစာရင်းများတွင်လည်း သစ်တန်ချိန်စုစုပေါင်း ရ၉၅၀ . ၄၁၂၉ တန်အား ဖမ်းဆီးရမိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly