ရွှေကမ္ဘာလုံးဆုပေးပွဲတွင် သူ့အားဝေဖန်ခဲ့သော မင်းသမီး Merly Streep အား ဒေါ်နယ်ထရမ့် ပြန်လည်တုံ့ပြန်

ရွှေကမ္ဘာလုံးဆုပေးပွဲတွင် သူ့အားဝေဖန်ခဲ့သော မင်းသမီး Merly Streep အား ဒေါ်နယ်ထရမ့် ပြန်လည်တုံ့ပြန်

 အရွေးချယ်ခံ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲ၌ တစ်သက်တာ အောင်မြင်မှုဆုကို လက်ခံရယူစဉ်၌ သူ့အားပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော မင်းသမီးကြီး Merly Streep အား ပြန်လည်တုံ့ပြန်လိုက် ပါသည်။

ထရမ့်က သူ၏တွစ်တာအကောင့်တွင် “Meryl Streep ဟာ ဟောလိ၀ုဒ်ရုပ်ရှင်လောကထဲမှာ လိုတာထက်ပိုပြီး အထင်ကြီးခံရသော မင်းသမီးများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ သူမက ကျနော့်အကြောင်း ကောင်းကောင်း မသိပါဘူး။ဒါပေမယ့် ပြီးခဲ့တဲ့ညကရွှေကမ္ဘာလုံးဆုပေးပွဲမှာ ကျနော့်ကိုဝေဖန်တိုက်ခိုက်ခဲ့ပါတယ်”လို့ရေးသားခဲ့ပါသည်။

“ သူမဟာ အကြီးကျယ် ရှုံးနိမ့်ခဲ့တဲ့ ဟီလာရီကို ထောက်ခံသူ အရှုံးသမားကြီးပါပဲ” လို့ မစ္စတာထရမ့်က အော်စကာ ဆုသုံးကြိမ်တိတိ ရရှိခဲ့သူ မင်းသမီးကြီးအား တုံ့ပြန်ခဲ့ပါသည်။

Merly Streep က “အင်အားကြီးမားတဲ့သူတွေဟာ သူတို့ရဲ့အခွင့်အာဏာတွေကို အသုံးချပြီးအခြားသူတွေအပေါ် အနိုင်ကျင့်တဲ့အခါမှာ ကျမတို့ အားလုံးရှုံးနိမ့်ရပါတယ်” လို့ ရွှေကမ္ဘာလုံးဆုပေးပွဲ၌ သူမဆုယူစဉ်မှာ ပြောကြားခဲ့ သောမိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်အားယခုလိုဝေဖန်ခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းမှ ဟီလာရီကလင်တန်ကိုထောက်ခံသူများဟာ ဒေါ်နယ်ထရမ့်ရဲ့အနိုင်ရရှိမှုအပေါ်မှာအမြဲလိုလို ဝေဖန်နေကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly