အသက် ရ၅နှစ် အရွယ်၌ ကွယ်လွန်သွားသော အဆိုတော်နှင့်သီချင်းရေးဆရာ Peter Sarstedt

အသက် ရ၅နှစ် အရွယ်၌ ကွယ်လွန်သွားသော အဆိုတော်နှင့်သီချင်းရေးဆရာ Peter Sarstedt

Where Do You Go To( My Lovely) သီချင်းဖြင့် လူသိများသော အဆိုတော်နှင့်သီချင်းရေးဆရာ Peter Sarstedt ဟာ အသက် ရ၅နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏မိသားစုက ပြောခဲ့ပါသည်။

သူ့ရဲ့နာမည်ကျော်သီချင်းဟာ လွန်ခဲ့သော 1969 ခုနှစ် ဖေဖေါ်ဝါရီလတုန်းက ယူကေသီချင်းဇယားမှာ ထိပ်ဆုံးနေ ရာ၌ လေးပတ်ကျော်ကြာရပ်တည်နိုင်ခဲ့သော သီချင်းတစ်ပုဒ်ဖြစ်ပါသည်။ ဒါ့အပြင် အဆိုပါ သီချင်းဟာအခြား နိုင်ငံအများအပြား၌လည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အကောင်းဆုံးတေးသီချင်း သီကုံးမှုအနေဖြင့်လည်း Ivor Novello ဆုကို ရရှိခဲ့ဖူးပါသည်။

Peter ဟာ  ဦးနှောက်နှင့်အာရုံကြောဝေဒနာဒဏ်ကို ၆နှစ်ကြာလောက်ကြံ့ကြံ့ခိုင်ရင်ဆိုင်အပြီးမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏   ကြေညာချက်ထဲတွင် ဖော်ပြထားပါသည်။

အဆိုပါကြေညာချက်ထဲတွင် သူ့ရဲ့နောက်ဆုံးအချိန်၌ သူ၏ချစ်လှစွာသောမိသားစုဟာအတူတကွရှိနေခဲ့ပြီး လူ အများအပြားဟာ သူ့ရဲ့ဂီတနှင့်သီချင်းများကို လွမ်းဆွတ်နေမှာဖြစ်ကြောင်း   ဖော်ပြထားပါသည်။

Where Do You Go To (My Lovely) သီချင်းဟာ ဥရောပလူကုန်ထန် အသိုင်းအဝိုင်းထဲသို့ ရောက်ရှိသွားသော ဆင်းရဲတွင်းထဲမှ မွေးဖွားလာသူ မိန်းကလေးငယ်လေးတစ်ယောက်အကြောင်းကို   ရေးစပ်သီကုံးထားတာဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly