Celebrity Apprentice အစီအစဉ်အားကြည့်ရှုမှုနှုန်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က အာနိုးအား မခံချင်အောင် စနောက်

Celebrity Apprentice အစီအစဉ်အားကြည့်ရှုမှုနှုန်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က အာနိုးအား မခံချင်အောင် စနောက်

ဒေါ်နယ်ထရမ့်ဟာ သူ့နေရာမှာအစားဝင်၍ The Celebrity Apprentice အစီအစဉ်မှူးလုပ်နေသော မင်းသား အာနိုးရှဝါဇနက်ဂါအား မင်းသားကြီးရဲ့လက်အောက်မှာ ရုပ်သံအစီအစဉ်ဟာ ကြည့်ရှုသူနှုန်းနည်းပါးလာပြီးပျက် စီးရပါပြီဟု မခံချင်အောင် စနောက်ခဲ့ပါသည်။

အရွေးချယ်ခံသမ္မတသစ်ဒေါ်နယ်ထရမ့်က သူ့ကိုယ်သူ အမှတ်ပေးသည့် အကဲဖြတ်စက်ကြီးတစ်ခုဟု သဘော ထားကာ အာနိုးဟာ နာမည်ကြီး ရုပ်ရှင်မင်းသားကြီး အဖြစ်ကနေ နိတ္ထိတန်ပြီဟု တွစ်တာပေါ်၌ ရေးသားခဲ့ပါသည်။

ဒါကိုတုံ့ပြန်သည့်အနေဖြင့် မင်းသားအာနိုးကလည်း ဒေါ်နယ်ထရမ့်အား အမှတ်ပေးအကဲဖြတ်ဖို့အတွက် အားတက်သရော အလုပ်လုပ်သလိုမျိုး အမေရိကန်တွေအားလုံးအတွက်လည်း အားတက်သရော အလုပ်လုပ် ပေးပါလို့ ပြန်လည်တုံ့ပြန်ခဲ့ ပါသည်။

The Celebrity Apprentice ရုပ်သံအစီအစဉ်ဟာ စလွှင့်ကတည်းကကြည့်ရှုခဲ့သူ ၄.၉ သန်းခန့်သာရှိခဲ့ပြီး လွန်ခဲ့ သော ၂၀၁၅ခုနှစ်တုန်းက ကြည့်ရှုခဲ့သူနှုန်းရဲ့ ၄၃ရာခိုင်နှုန်းအထိကို ကျဆင်းသွားခဲ့ပါသည်။ ဒါကြောင့် မင်းသား အာနိုးအနေနှင့်လည်း သူ့ရဲ့အစီအစဉ်မှူးအဖြစ ်ပွဲဦးထွက်လုပ်ကိုင်ခဲ့တဲ့ အရည်အသွေးအပေါ် မှတ်ချတ်အမျိုးမျိုး ပေးခြင်းကို ခံနေရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly