အိုင်ဗရီကို့စ်ရှိ အာဏာဖီဆန်သောစစ်သားများက ကာကွယ်ရေးဝန်ကြီးကိုပြန်လွှတ်ပေး

အိုင်ဗရီကို့စ်ရှိ အာဏာဖီဆန်သောစစ်သားများက ကာကွယ်ရေးဝန်ကြီးကိုပြန်လွှတ်ပေး

အိုင်ဗရီကို့စ်နိုင်ငံမှ အာဏာဖီဆန်သောစစ်သားများဟာ လုပ်ခလစာပိုမိုပေးချေရန်တောင်းဆိုထားခဲ့ပြီး လိပ်ခဲ တည်းလည်း အခြေအနေများ   ဖြစ်ပွားနေစဉ်အတောအတွင်း   နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးကို နှစ်နာရီကြာထိန်း သိမ်းထားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအလိန်းရစ်ချက်ဒွန်ဝါဟီကို သမ္မတအလက်ဆန်ဝါချရာ ကြေညာခဲ့သောသဘောတူညီချက် စည်းကမ်းများအား ငြင်းဆန်ပယ်ချခဲ့သည့်တပ်သားများက ဘူအာခေးမြို့တွင် ထိန်းသိမ်းထားခဲ့ကြသည်။

မစ္စတာဝါချရာက သူဟာလုပ်ခလစာပိုမိုပေးချေဖို့နှင့် ကောင်းမွန်သောဘဝနေထိုင်ရေးအတွက်တောင်းဆိုထားမှု များအားသေသေချာချာကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပြီး တပ်သားများအား စစ်တန်းလျားကိုပြန်လာဖို့တိုက်တွန်း ပြောကြားခဲ့သည်။ သို့သော်လည်း တပ်တွင်းပုန်ကန်မှုဟာပြီးဆုံးသွားပြီလားဆိုတာကတော့ မသဲကွဲလျက်ရှိနေ သေးကြောင်းသိရသည်။

တပ်တွင်းပုန်ကန်မှုဟာ ပြီးခဲ့သော သောကြာနေ့က နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်သောဘူအာခေးမြို့တွင် စတင်ခဲ့ပြီးနောက် တပ်သားများအာဏာသိမ်းခဲ့ရာစစ်ဌာနချုပ်ရှိသည့် ကုန်သွယ်ရေးမြို့ဖြစ်သောအာဘစ်ဂျွန်းမြို့ သို့ပါကူးစက်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly