အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ ကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၁ဦးသေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ ကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၁ဦးသေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ အရှေ့ပိုင်းရှိစျေးထဲတွင် ကားဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၁၁ဦးသေဆုံးခဲ့ပြီး ဒါဇင် ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆက်ဒ်မန်းန် က လုံခြံုရေးအစောင့်များဟာ သံသယရှိသောကား တစ်စီးကို ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါ ကားမောင်းသူဟာ ကားကိုဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြောကြားသည်။

ယခုအချိန်ထိတော့ အဆိုပါပေါက်ကွဲမှုရဲ့ အဓိက လက်သည် ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေး ပေမယ့် ထိုမြို့တွင်းမှာရှိသော ရှီယာမူစလင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများကိုတော့ အိုင်အက်စ်တို့က မကြာသေးခင်တုန်းက ပြုလုပ်ခဲ့ကြသည်။

အိုင်အက်စ်တို့ဟာ အီရတ်အစိုးရရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နိုင်ငံမြောက်ပိုင်းတွင် ဖိအားအများအပြား ကြံုတွေ့နေကြရသည်။

အီရတ်အထူးစစ်တပ်များနှင့် မဟာမိတ်ဖြစ်သော ရှီယာပြည်သူ့စစ်များဟာ အိုင်အက်စ်တို့အား ၄င်းတို့ရဲ့အမာခံ နယ်မြေဖြစ်သော မြောက်ပိုင်းရှိ မိုဆူးလ်မြို့တွင်းမှ နှင်ထုတ်သွားနိုင်ရန် ကြိုးပမ်းနေကြသည်။

ဘဂ္ဂဒတ်မြို့ကားဗုံးဖောက်ခွဲမှုဟာ ရှီယာဆာဒ်နယ်မြေအတွင်းရှိ ဂျူမီလာ ဟင်းသီးဟင်းရွက်စျေးလည်ခေါင်မှာ ဖြစ်ပွားခဲ့တာဖြစ်သည်။ ဇန်နဝါရီ၂ရက်နေ့တုန်းကလည်း အလားတူတိုက်ခိုက်မှုမျိုးဖြစ်ပွားခဲ့ပြီး ဆာဒ်မြို့တွင်းရှိ လူရှုပ်သောရင်ပြင်ထဲသို့ အသေခံကားဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၅ဦးခန့်သေဆုံးခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly