ရုရှားနှင့် အမေရိကန် ဆက်ဆံရေးကို ဆန့်ကျင်သူများအား ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန်ဝေဖန်

ရုရှားနှင့် အမေရိကန် ဆက်ဆံရေးကို ဆန့်ကျင်သူများအား ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန်ဝေဖန်

အရွေးချယ်ခံ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်ဟာ ရုရှားနှင့်အမေရိကန်၏ ဆက်ဆံရေးကို ဆန့်ကျင်သူများ အား “မိုက်မဲသောသူများ၊ သို့မဟုတ် အရူးများ” ဟုခေါ်ဝေါ်ကာ ပြင်းပြင်းထန်ထန်   ဝေဖန်သော ပို့စ်အများအပြားကို တွစ်တာပေါ်၌ တင်ခဲ့သည်။

မစ္စတာထရမ့်က ရုရှားနိုင်ငံနှင့်အတူ ကမ္ဘာ့အရေးကိစ္စများနှင့် ပြသနာအများအပြားထဲမှ အချို့ကိုဖြေရှင်းဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြုခဲ့ဖူးသည်။

မစ္စတာထရမ့်ဟာ ရုရှားသမ္မတကသူ့ရဲ့ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် ပံ့ပိုးကူညီဖို့ကြိုးစားခဲ့သည်ဟုဆိုသော ထောက်လှမ်းရေးအစီရင်ခံစာ ပေါ်ပေါက်လာခဲ့အပြီးမှာ ယခုလို မှတ်ချက်ပေး   ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာထရမ့်က ဒီမိုကရက်များဟာ သူတို့ရဲ့ဆာဗာများကို ဟက်ခံရစေခဲ့သော ဆိုးရွားတဲ့ပေါ့ဆမှုအတွက် ပြစ်တင်ဝေဖန်ခံရမည့်သူများသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သောစနေနေ့ကတင်ခဲ့သော တွစ်တာပို့စ်အများအပြားတွင် မစ္စတာထရမ့်က ရုရှားနိုင်ငံနှင့်ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိနေခြင်းဟာ ဆိုးရွားသောအရာတစ်ခုမဟုတ်ပဲ မိုက်မဲသောသူများကသာ သို့မဟုတ် အရူး များကသာဒါကို ဆိုးရွားသည်ဟု ထင်ကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရုရှားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအပေါ် သူသမ္မတဖြစ်လာသည့်အခါတွင် အသိမှတ်ပြုလေးစားလာမည် ဖြစ်ကြောင်း မစ္စတာထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly