သူပုန်ထိန်းချုပ်ရာ ဆီးရီးယားနယ်စပ်မြို့တွင် ကားဗုံးပေါက်ကွဲ၍ ဆယ့်ငါးဦးသေဆုံး

သူပုန်ထိန်းချုပ်ရာ ဆီးရီးယားနယ်စပ်မြို့တွင် ကားဗုံးပေါက်ကွဲ၍ ဆယ့်ငါးဦးသေဆုံး

ဒမတ်စကပ်၊ ဇန်နဝါရီ ရ ။             ။ တူရကီနယ်စပ်အနီးက သူပုန်ထိန်းချုပ်ထားရာ ဆီးရီးယားနယ်စပ်မြို့တွင် ကားဗုံးပေါက်ကွဲရာ လူဆယ့်ငါးဦး သေဆုံးကြောင်း သတင်းများတွင် ဖော်ပြသည်။

တူရကီနယ်စပ်မှ လေးမိုင်ခန့်အကွာ အက်ဇက်မြို့ရှိ အိမ်ကြီးအိမ်ကောင်းတစ်လုံး၏ အပြင်ဖက်တွင် ယင်းကားဗုံးပေါက်ကွဲခြင်းဖြစ်သည်။

အက်ဇက်မြို့မှာ အိုင်အက်စ်အဖွဲ့၏ ပစ်မှတ်ထားခြင်းခံရသောမြို့တစ်မြို့လည်းဖြစ်သည်။

ယခုကားဗုံးခွဲတိုက်ခိုက်မှုသည် ရုရှနှင့် တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးသော တစ်နိုင်ငံလုံးအပစ်ရပ်ရေးကာလအတွင်းဖြစ်ပွားခြင်းလည်းဖြစ်သည်။ အပစ်ရပ်ရေးအား ချိုးဖောက်မှုများ တစ်ချို့တစ်လေရှိနေသော်လည်း အားလုံးက စောင့်ကြည့်လျက်လည်း ရှိနေသည်။

အချို့သောသတင်းများတွင် သေဆုံးသူ ခြောက်ဆယ်ခန့်ရှိနိုင်ပြီး ဒဏ်ရာရသူများစွာ ရှိနိုင်သည်ဟု ဖော်ပြသော ယခုကားဗုံးခွဲတိုက်ခိုက်မှုက မည်သူတို့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

အိုင်အက်စ်အဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း လက်ရသိမ်းပိုက်နိုင်ဖူးသည့် ယင်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး တစ်ကြိမ်မက ကြိုးစားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags