ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင်တိုက်ခိုက်မှုအား ကြိုးကိုင်သူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ရဲများပြောကြား

ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင်တိုက်ခိုက်မှုအား ကြိုးကိုင်သူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ရဲများပြောကြား

ပြီးခဲ့သောဂျူလိုင်လတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိကော်ဖီဆိုင်တွင် ဓားစာခံအယောက် ၂၀ကိုသေဆုံး စေခဲ့သော တိုက်ခိုက်ခဲ့မှုအား ကြိုးကိုင်ခဲ့သူဟု သံသယရှိရသူတစ်ဦးဟာ တစ်ဖက်နှင့် တစ်ဖက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း ရဲများကပြောကြားခဲ့သည်။

နုရယ်လ်အစ္စလာမ်မာဇန် နှင့် အမည်မသိရသူ ယောင်္ကျားနောက်တစ်ယောက်ဟာ ယနေ့သောကြာနေ့အစောပိုင်း တွင် ဒါကာမြို့၌ အသတ်ခံခဲ့ရကြောင်း သိရသည်။

ရေယာဘာဇာ နယ်မြေရှိ အဆောက်အဦးတစ်ခုထဲသို့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးရဲများက ၀င်ရောက်စီး နင်းခဲ့ပြီးနောက် သေဆုံးသူယောင်္ကျားများ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း AFP သတင်းဌာန၏ အဆိုအရ သိရသည်။

ပြီးခဲ့သောကော်ဖီဆိုင်တိုက်ခိုက်မှုတွင် ဓားစာခံများဟာ သေဆုံးသည်အထိ သေနတ်နှင့် ပစ်ခံရပြီး သို့မဟုတ် ဓားဖြင့်ခုတ်ခံခဲ့ရပြီး အဆိုပါ အကြမ်းဖက်မှုဟာ ဘင်္ဂလားဒေ့ရှ်တွင် အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ် လာခဲ့သည်။

လွန်ခဲ့သောနှစ် ဂျူလိုင်လ ၁ရက်နေ့တွင် ကွန်မန်ဒိုများဟာ ဂယ်လ်ရှန်းပတ်ဝန်းကျင်ရှိ Holey Artisan ကော်ဖီ ဆိုင်ထဲသို့ တရကြမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂နာရီကြာ ၀ိုင်းဝန်းလုပ်ကြံမှုအပြီးတွင် လူ ၁၃ယောက်ကိုကယ် ဆယ်နိုင်ခဲ့သည်။ ထိုသို့ကယ်ဆယ်ရာတွင် ရဲအရာရှိနှစ်ဦးနှင့် စစ်ဝန်ထမ်းနှစ်ဦး အသတ်ခံခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly