အာဆင်နယ်အသင်းအား စွန့်ခွာရန် ဆန်းချက်ဇ်အဆင်သင့် ဖြစ်နေပြီဆိုသည့် သတင်းများကို အာစင်ဝင်းဂါး ပယ်ချ

အာဆင်နယ်အသင်းအား စွန့်ခွာရန် ဆန်းချက်ဇ်အဆင်သင့် ဖြစ်နေပြီဆိုသည့် သတင်းများကို အာစင်ဝင်းဂါး ပယ်ချ
 

ဇန်နဝါရီ ၅၊ အင်္ဂလန် ။                 ။ ဘုန်းမောက်နှင့် သရေကျခဲ့သောကြောင့် ဆန်းချက်ဇ်မှာ စိတ်ပျက်နေပြီး အာဆင်နယ်အသင်းအားစွန့်ခွာရန် အဆင်သင့်ဖြစ်နေပြီဆိုသော သတင်းများ အာစင်ဝင်းဂါးက ပယ်ချလိုက်သည်။

ဘုန်းမောက်နှင့် ၃ ဂိုးစီသရေကျခဲ့သည့်ပွဲအပြီးတွင် ဆန်းချက်မှာ စိတ်ဆိုးဒေါသထွက်ခဲ့ပြီး လက်အိတ်များချွတ်ကာ ကွင်းကြမ်းပြင်ကို ပစ်ပေါက်ခဲ့သလို ပြိုင်ဘက် ကစားသမားများကိုလည်း   နှုတ်ဆက်ခြင်း မပြုခဲ့ဘဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ ထို့အပြင် ဆန်းချက်ဇ်မှာ သရေတစ်မှတ်ရခဲ့သည့်အတွက် အောင်ပွဲခံခဲ့ခြင်းမရှိသလို အဝတ်လဲခန်းအတွင်း၌လည်း တိတ်ဆိတ်ငြိမ်သက်   နေခဲ့သည်။

ထိုအဖြစ်အပျက်များ၊ ကောလာဟလသတင်းများနှင့်ပတ်သက်ပြီး အာစင်ဝင်းဂါးက ‘ဘာများ အံ့သြစရာရှိလို့လဲ။ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရချင်တာပါ။ အနိုင်မရလို့ စိတ်ဆိုးဒေါသထွက်တယ် ဆိုတာ ပုံမှန်အနေအထားပါပဲ။

မိနစ် ရ၀ လောက်မှာ ၃ ဂိုးပြတ်ရှုံးနေရာကနေ ပြန်လာဖို့ဆိုတာ ပြင်းထန်တဲ့ စိတ်ဓာတ်တက်ကြွမှုမရှိရင် မဖြစ်နိုင်ပါဘူး။ ဒါက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါဘူး။ ထူးခြားတဲ့ အာရုံစူးစိုက်တုံ့ပြန်မှုရှိဖို့ လိုအပ်ပါတယ်။

ဒီရလဒ်အတွက် အားလုံးစိတ်ပျက်ကြတာပါပဲ။ ဆန်းချက်ဇ် အိုကေပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly