ဂျပန်တွင် အပြာရောင် ဆူးတောင်ရှိ တူနာငါးကြီးတစ်ကောင်ကို ဒေါ်လာ ခြောက်သိန်းကျော်ဖြင့် လေလံတင်ရောင်းချ

ဂျပန်တွင် အပြာရောင် ဆူးတောင်ရှိ တူနာငါးကြီးတစ်ကောင်ကို ဒေါ်လာ ခြောက်သိန်းကျော်ဖြင့် လေလံတင်ရောင်းချ

ဇန်နဝါရီ ၅ ။            ။ တိုကျိုမြို့ရှိ နာမည်ကျော် Tsukiji ငါးစျေးတွင် ဇန်နဝါရီ ၅ ရက်က အပြာရောင်ဆူးတောင်ရှိ တူနာငါးကြီးတစ်ကောင်ကို ယန်း ရ၄ ဒသမ ၂ သန်း (ဒေါ်လာ ၆၃၇,၀၀၀) ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း Aomori ဒေသမှ ဖမ်းမိခဲ့သော အလေးချိန် ၂၁၂ ကီလိုရှိ ယင်းငါးကြီး၏ ယခုတန်ဖိုးမှာ တစ်ကီလိုလျင် ဒေါ်လာ ၃၀၀၀ ကျော် ကျသင့်ခဲ့ပြီး အဆိုပါ ငါးစျေးတွင် ရောင်းချထားပြီးခဲ့သမျှ ငါးများထဲတွင် ဒုတိယမြောက် စျေးအရဆုံး ငါးကြီးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ယခု ငါးကြီးကို ဆူရှီ စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သော Sushi Zanmai သူဌေးကြီး Kiyoshi Kimura က စျေးအမြင့်ဆုံးပေးကာ လေလံအောင်သွားခဲ့ခြင်း ဖြစ်သည်။

သမိုင်းတလျှောက် စျေးအမြင့်ဆုံး ရခဲ့သည့် ငါးကြီးကို အဆိုပါ သူဌေးကြီးကိုယ်တိုင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ၀ယ်ယူထားခဲ့ပြီး ယင်းငါးကြီးကို ယန်း ၁၅၅ ဒသမ ၄ သန်း သို့မဟုတ် ဒေါ်လာ ၁ ဒသမ ၃၃ သန်းအထိ ပေးချေခဲ့သည်ဟုလည်း သိရသည်။

အသက် ၆၄ နှစ်ရှိ အဆိုပါ လုပ်ငန်းရှင် သူဌေးကြီးမှာ ၎င်း၏ စားသောက်ဆိုင်များကို လူသိပိုများစေရန်အတွက် ယခုကဲ့သို့ ငါးကြီးများကို တန်ဖိုးများစွာ သတ်မှတ်ပေးချေမှုများလုပ်ဆောင်လေ့ ရှိသူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly