မကွေးတိုင်း ပဒါန်းကျေးရွာတွင် လွတ်လပ်ရေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်ထုစိုက်ထူမည်

မကွေးတိုင်း ပဒါန်းကျေးရွာတွင် လွတ်လပ်ရေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်ထုစိုက်ထူမည်

ဇန်နဝါရီ ၂ ။            ။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ စည်ပင်သာယာရေးပန်းခြံအတွင်း ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ထုအား   ရန်ကုန်မြို့မှ မကွေးမြို့သို့  ယနေ့ယူဆောင်သွားမည်ဟု သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ဗိုလ်ချုပ်ကြေးရုပ်ကို နမူနာယူကာ သွန်းလောင်းထားခြင်းဖြစ်ကာ  ကြေးထု တစ်မတ်နီးပါးရှိကာ ပိဿချိန်၃၀၀၊  အမြင့် ၉ ပေရှိသည်။

ဖွင့်ပွဲနေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ ကပွဲသဘင်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အများ၏ လှူဒါန်းမှုနှင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ပဒါန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေက ပြောသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို နောင်လာနောင်သားတွေ မြင်ရလေအောင်၊ သိရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်ကို လုပ်ခဲ့တာပါ။ အခုလို ကြေးရုပ်ထုကြီးပြီးစီးသွားပြီး မကွေးကို ပြန်သယ်ရမှာဖြစ်တဲ့အတွက် ကျွန်တော့အနေနဲ့ အရမ်း ၀မ်းသာပီတိဖြစ်မိပါတယ်” ဟု ၄င်းက မဇ္စျိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly