အင်ဒိုနီးရှား ရေယာဉ် မီးလောင်မှု၌ လူ ၂၃ ဦးအထိ သေဆုံး

အင်ဒိုနီးရှား ရေယာဉ် မီးလောင်မှု၌ လူ ၂၃ ဦးအထိ သေဆုံး

ဂျကာတာ၊ ဇန်နဝါရီ ၂ ။               ။ အင်ဒိုနီးရှားကမ်းလွန်တွင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်၍ လူပေါင်း ၂၃ ဦး သေဆုံးကာ ၁၇ ဦးက ပျောက်ဆုံးနေသည်။

မြို့တော် ဂျကာတာမှ မိုင် ၃၀ အကွာ တီဒန်ကျွန်းသို့ ခုတ်မောင်းသည့် ဇာဟာရိုအထူူးကူးတို့ယာဉ်တွင် လူပေါင်း ၂၃၀ ကျော် တင်ဆောင်ခုတ်မောင်းစဉ် မီးလောင်ခြင်းဖြစ်သည်။

ဂျကာတာရှိ မူအရာအန်ဂကီဆိပ်တကမ်းမှ စတင်ထွက်ခွာပြီး အချိန်ပိုင်းအတွင်း ၁ ဒဿမ ၅ ကီလိုမီတာအရောက်တွင် မီးထလောင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မီးလောင်စဉ် လူတော်တော်များများက ပင်လယ်တွင်း ခုန်ဆင်းကြကြောင်း သတင်းများက ဖော်ပြသည်။ လူ ၁၉၄ ဦးကို ကယ်တင်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောသည်။

ဆေးရုံတွင် လူကိုးဦး ဆက်လက်ကုသမှု ခံနေရသည်။

“ရေယာဉ်က စတင်ခုတ်မောင်းပြီး ဆယ့်ငါးမိနစ်အတွင်းမှာ မီးထလောင်တာပါ။ ရေယာဉ်ရဲ့ အနောက်ပိုင်းမှာ မီးစလောင်တာဖြစ်ပြီး လူတွေ အော်ဟစ်ပြေးလွှားကြတယ်။”ဟု လွတ်မြောက်လာသည့် ခရီးသည်တစ်ဦးက ပြည်တွင်းမီဒီယာသို့ ပြောခဲ့သည်။

“ဒီနောက်မှာ မီးခိုးလုံးတွေ များသထက်များလာတာ တွေ့ရတယ်။ ရေယာဉ်က လူအပြည့်ပါလာတာဖြစ်တယ်။ အသက်ကယ် အကျင်္ီအတွက် လူတွေက လုယက်တိုက်ခိုက်ကြတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags