အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နှစ်သစ်ကူးအကြိုညတွင် နိုင်ငံတော် မိန့်ခွန်းပြောကြားမည့် အစီအစဉ်ရှိ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နှစ်သစ်ကူးအကြိုညတွင် နိုင်ငံတော် မိန့်ခွန်းပြောကြားမည့် အစီအစဉ်ရှိ

နယူးဒေလီ ။ဒီဇင်ဘာ ၂၉  ။                ။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ လာမည့်နှစ်သစ်ကူးအကြိုည ဒီဇင်ဘာ၃၁ရက်နေ့ ညနေ ရ:၃၀ နာရီတွင် ငွေစက္ကူဖျက်သိမ်းခြင်းနှင့် ပက်သက်၍   နိုင်ငံတော်မိန့်ခွန်းပြောကြားမည့်အစီအစဉ်ရှိကြောင်းသိရပါသည်။

၀န်ကြီးချုပ်မိုဒီဟာ လွန်ခဲ့သော နိုဝင်ဘာ၈ရက်နေ့တုန်းက နိုင်ငံအတွင်းလည်ပတ်နေသည့်ငွေကြေးများ၏ ၈၆ ရာခိုင်နှုန်းရှိသော ၅၀၀တန် နှင့် ၁၀၀၀တန် ရူပီးငွေစက္ကူများကို ဖျက်သိမ်းကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်ဟာ ပြည်သူများ၏နိစ္စဓူဝကိစ္စများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ပြည်သူများဟာငွေစက္ကူ အသစ်များရရှိဖို့အတွက် ရုန်းကန်ခဲ့ကြရပါသည်။ ထိုအပြောင်းအလဲကို အဖက်ဖက်မှပြင်းပြင်းထန်ထန်ဝေဖန်မှု များရှိလာခဲ့ပြီး အစိုးရ၏အတိုက်အခံများသာမက အစိုးရ၏လုပ်ဆောင်ချက်များကိုအမြဲတမ်းတစိုက်မတ်မတ် ထောက်ခံခဲ့ကြသူများကပါ ဝေဖန်ခဲ့ကြပါသည်။

ငွေစက္ကူဖျက်သိမ်းခြင်းနှင့်ပက်သက်၍စည်းမျဉ်းအမျိုးမျိုးပြောင်းလဲနေခြင်းအပေါ်ဝေဖန်မှုများအား ၀န်ကြီးချုပ်မိုဒီ က “ အစိုးရဟာ အသိတရားရှိ၍ဆင်ခြင်တတ်သောအစိုးရဖြစ်တာနဲ့အညီ လိုအပ်လာတဲ့အချိန်မှာပြည်သူလူထု အဆင်ပြေအောင်အဓိကထားဆင်ခြင်သုံးသပ်ပြီး စည်းမျဉ်းများကိုပြင်ဆင်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သား များဟာ ဆင်းရဲဒုက္ခအခက်အခဲများကိုရင်ဆိုင်ခံစားရမှာမဟုတ်တော့ပါဘူး” လို့ပြောကြားခဲ့ပါသည်။

ဒါ့အပြင်ဝန်ကြီးချုပ်မိုဒီက ပြည်သူများအား အကျင့်ပျက်ခြစားမှုများအားတိုက်ဖျက်ရေးတိုက်ပွဲကြီးအောင်မြင်ဖို့ ပူးပေါင်းကူညီကြရန်တိုက်တွန်းခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly