ဇူလိုင် ၂၁၊ နေပြည်တော်(မဇ္ဈိမ) ။ ။ ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်အမတ်အားလုံး၏ ၇၈ရာခိုင်နှုန်းသာ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် အမတ်ဦးရေ ၄၁၈ဦးရှိသည့်အနက် ၃၂၇ဦးသာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၉၁ဦးမှာ ခွင့်တိုင် ထားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းလည်း လွှတ်တော်သို့တက်ရောက်ခြင်းမရှိဘဲ ဒုတိယဥက္ကဌဖြစ်သည့် ဦးနန္ဒကျော်စွာ ကယာယီဥက္ကဌအဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။