ခရစ္စမတ်ပွဲတော်အကြိုနေ့တွင် ကလေးဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

ခရစ္စမတ်ပွဲတော်အကြိုနေ့တွင် ကလေးဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

နာမည်ကျော်အဆိုတော် မင်းသမီး ဆယ်လီနာဂိုမက်ဇ်ဟာ လူမြင်ကွင်းထဲသို့ ရှားရှားပါးပါးပြန်လည်ရောက် ရှိလာခဲ့ပြီး ခရစ္စမတ်ပွဲတော်အကြိုနေ့တွင် ကလေးဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့ကာ   ပျော်ရွှင်စရာအခြေ အနေလေးတစ်ခုကို ဖန်တီးပေးခဲ့ပါသည်။

အသက် ၂၄နှစ်ရှိပြီဖြစ်သည့် ပေါ့ပ်အဆိုတော်မလေးဟာ သူမရဲ့မွေးရပ်မြေ တက္ကဆက်ပြည်နယ် ဖော့ဝေါ့သ်ရှိ Cook ကလေးဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့ကာ လူနာလေးများနှင့်တွေ့ဆုံခဲ့ပါသည်။ ဆေးရုံရှိ ကလေးကစားကွင်းနေရာလေးမှာ သူမဟာ ကလေး၁၄ဦးနှင့်အတူ အချိန်အတူတကွ ကုန်ဆုံးစေခဲ့ ပြီး ကွက်ကီးမုန့်များကိုလည်း အတူတကွ အလှဆင်ခဲ့ကြတယ်လို့ သိရပါသည်။

သူမဟာအရမ်းကိုချိုသာပြီး ကလေးတွေအပေါ်ကိုလည်း သဘောကောင်းကြောင်းသိရပါသည်။ ဒါ့အပြင် သူမလာလည်သည့်အတွက် လူနာကလေးအချို့ဟာ မျက်ရည်ကျရတဲ့အထိကို ခံစားပျော်ရွှင်ခဲ့ရကြောင်း  သိရပါသည်။ သူမဟာ ခရစ္စမတ်အကြိုနေ့ကိုသူမရဲ့ မိသားစုနဲ့ အတူတကွ မကုန်ဆုံးစေခဲ့ပဲ ဆေးရုံမှအိမ်သို့ ယခုခရစ္စမတ်တွင် မပြန်နိုင်သည့် ကလေးများနှင့်သာ သူမရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့ပါသည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly