ဒီဇင်ဘာ ၂၅၊ အင်္ဂလန်။ ။ ကမ္ဘာ့လုပ်ခလစာအများဆုံးရ ဘောလုံးသမားများစာရင်းတွင် စီရော်နယ်ဒို၊ မက်ဆီတို့အပြင် ထင်မှတ်မထားသော ကစားသမား အမည်များလည်းပါဝင်နေသည်။
တရုတ်သို့ပြောင်းခဲ့သဖြင့် တစ်မိနစ်တိုင်း ပေါင် ၄၀ ရမည့် ဘရာဇီးကွင်းလယ်ကစားသမား အော်စကာသည်လည်း ယင်းအမည် စာရင်းတွင်ပါဝင်နေသည်။
ပရီးမီးယားလိဂ်ဦးဆောင်သူချယ်လ်ဆီးကိုစွန့်ခွာပြီး တရုတ်စူပါလိဂ်သို့ပြောင်းခဲ့သည့် အော်စကာ၏ဆုံးဖြတ်ချက်ကို ယခုတစ်ပတ် တွင် အံ့အားသင့်စရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ရသည်။
ဘရာဇီးကွင်းလယ်ကစားသမားအတွက် ရှန်ဟိုင်းအက်စ်အိုင်ပီဂျီအသင်းက ပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းမှုကို လက်ခံရန် ချယ်လ်ဆီးအသင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အော်စကာသည် တစ်ပတ်လုပ်ခပေါင် ၄၀၀, ၀၀၀ ရမည်ဖြစ်သည်။
ကမ္ဘာ့လုပ်ခလစာအများဆုံဘောလုံးသမား ၂၀ ဦးမှာ
စဉ် အမည် အသင်း တစ်ပတ်လုပ်ခ (ပေါင်)
၂၀။ ရှဝိန်းစတိုင်ဂါ မန်ယူ ၂၀၀, ၀၀၀
၁၉။ ဒီဂီယာ မန်ယူ ၂၀၀, ၀၀၀
၁၈။ ဒေးဗစ်ဆေးလ်ဗား မန်စီးတီး ၂၁၀, ၀၀၀
၁၇။ လာဗက်ဇီ ဟာဘီဖော်ကျွန်း ၂၂၀, ၀၀၀
၁၆။ အီဘရာဟီမိုဗစ် မန်ယူ ၂၂၀, ၀၀၀
၁၅။ အဆာမိုဂျန် ရှန်ဟိုင်း SIPG ၂၂၇, ၀၀၀
၁၄။ ဆွာရက်ဇ် ဘာစီလိုနာ ၂၃၀, ၀၀၀
၁၃။ အဂူရို မန်စီးတီး ၂၃၀, ၀၀၀
၁၂။ ယာယာတိုရေး မန်စီးတီး ၂၃၀, ၀၀၀
၁၁။ ဗန်ပါစီ ဖီနာဘာချီ ၂၄၀, ၀၀၀
၁၀။ ရွန်နီ မန်ယူ ၂၆၀, ၀၀၀
၉။ နေမာ ဘာစီလိုနာ ၂၇၅, ၀၀၀
၈။ ပယ်လီ ရှန်တုံးလူနင် ၂၉၀, ၀၀၀
၇။ ပေါ့ဂ်ဘာ မန်ယူ ၂၉၀, ၀၀၀
၆။ ဟော့ခ် ရှန်ဟိုင်း SIPG ၃၂၀, ၀၀၀
၅။ မက်ဆီ ဘာစီလိုနာ ၃၃၆, ၀၀၀ (အခွန်ဆောင်ပြီး)
၄။ ဂါရတ်ဘေးလ် ရီးယဲလ်မက်ဒရစ် ၃၅၀, ၀၀၀
၃။ စီရော်နယ်ဒို ရီးယဲလ်မက်ဒရစ် ၃၆၅, ၀၀၀
၂။ အော်စကာ ရှန်ဟိုင်း SIPG ၄၀၀, ၀၀၀
၁။ တိဗက်ဇ် ရှန်ဟိုင်းရှင်ဟွာ ၆၁၅, ၀၀၀
Ref; Mirror