ခရစ္စမတ်အကြိုနေ့တွင် ဖိလစ်ပိုင်ဘုရားကျောင်းအနီး၌ ပေါက်ကွဲမှုကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့

ခရစ္စမတ်အကြိုနေ့တွင် ဖိလစ်ပိုင်ဘုရားကျောင်းအနီး၌ ပေါက်ကွဲမှုကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့

ပြီးခဲ့သောစနေနေ့ အနှောင်းပိုင်းတုန်းက ဖိလစ်ပိုင်တောင်ပိုင်းရှိ ဘုရားကျောင်းအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် ရဲကားတစ်စီးပျက်စီးခဲ့ကာ ရဲအရာရှိတစ်ဦး အပါအဝင် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

လယ်ယာစိုက်ပျိုးရေးမြို့ လေးဖြစ်တဲ့ Midsayap မြို့က Santo Nino ဘုရားကျောင်းသို့ ခရစ္စမတ်အကြိုနေ့ပွဲ တော်အတွက် ဘုရားကျောင်းကိုလာခဲ့တဲ့ လူအုပ်ကြီးဟာ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရကြောင်း ထိုပွဲ တွင်ရှိနေခဲ့သော ခရစ်ယာန်ဘုန်းကြီး တစ်ပါးကပြောခဲ့ပါသည်။

“ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အချိန်မှာ ဘုရားကျောင်းအတွင်း၌ ခရစ်တော်၏ နောက်ဆုံးညစာ အထိမ်းအမှတ်ပွဲအဖြစ် ပေါင်မုန့်နှင့် စပျစ်ရည်သုံးဆောင်သော ဘာသာရေးအခမ်းအနားကို ကျင်းပနေဆဲဖြစ်တယ်” လို့ ဖာသာ ဂျေးဗာ ရာဒေါ၀် က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

အဆိုပါပေါက်ကွဲမှုဟာ ဘုရားကျောင်းဝင်ပေါက်နှင့် မီတာ၃၀အကွာအဝေးမှာ ဖြစ်ပွားခဲ့တဲ့အတွက် အထိတ်တ လန့်ဖြစ်ခဲ့ကြရကြောင်း ဖာသာက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဒေသဆိုင်ရာရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ရိုမီရိုဂယ်လ်ဂိုက ထိုပေါက်ကွဲမှုဟာ တိတိကျကျ မပြောနိုင်တဲ့ ပေါက်ကွဲစေနိုင်သော ကရိယာတစ်ခုခုကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ အတည်ပြုပြောကြားခဲ့ပါသည်။

ရဲအရာရှိတစ်ဦးနှင့် အမည်မဖော်နိုင်သော လူတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာ ၁၃ဦးကို အနီးအနားရှိ ဆေးရုံများ၌ ဆေးကုသမှုပေးနေကြောင်း ရဲဌာန၏ အဆိုအရ သိရပါသည်။

အာဏာပိုင်များကတော့ အဆိုပါပေါက်ကွဲမှုအား ဘယ်သူဘယ်ဝါ ပြုလုပ်တယ်ဆိုတာကို ချက်ချင်းမပြောပြခဲ့ ကြောင်းသိရပါသည်။ ဒါ့အပြင် ဘယ်အကြမ်းဖက်အဖွဲ့ကမှ အဆိုပါပေါက်ကွဲမှုအား သူတို့လုပ်ဆောင်တာဖြစ် ကြောင်းကို မကြေညာရသေးကြောင်း သိရပါသည်။

Ref: Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly