ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲကို လူနုံလူအ ဟု ဖိလစ်ပိုင်သမ္မတ ခေါ်ဝေါ်

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲကို လူနုံလူအ ဟု ဖိလစ်ပိုင်သမ္မတ ခေါ်ဝေါ်

ဒီဇင်ဘာ ၂၃ ။             ။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဖြစ်သူမှာ မသိနားမလည်သူ လူနုံလူနတစ်ဦးဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ခိုင်းနှိုင်းသုံးစွဲသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လွန်ခဲ့သည့် နှစ်ကာလများက ရာဇဝတ်သမားများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်ဆိုသော ဒူတာတေး၏ ပြောဆိုမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန် ဦးဆောင်တောင်းဆိုခဲ့သော ကုလအကြီးအကဲအား အထက်ပါအတိုင်း ခေါ်ဝေါ်သွားခဲ့ခြင်းလည်း ဖြစ်သည်။

" ကုလသမဂ္ဂမှာ ခင်ဗျားရှိနေပေမယ့် ဒီပလိုမေစီအကြောင်း ဘာနကန်းတစ်လုံးမှ မသိဘူး၊ ကုလဝန်ထမ်းတစ်ယောက်အနေနဲ ဘယ်လိုပြုမူပြောဆိုရမယ်ဆိုတာ ခင်ဗျား မသိဘူး၊ ခင်ဗျားက မိန်းမပျက်သားပဲ" ဟု ဒူတာတေးက ပြောဆိုသွားသည်။

မစ္စတာ ဒူတာတေး၏ ပြောကြားချက်များမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra'ad al-Hussein ကို တိုက်ရိုက်ရည်ညွန်းသွားခြင်းဖြစ်ပြီး al-Hussein မှာ ဖိလစ်ပိုင်သမ္မတ၏ လူသတ်ခဲ့သည်ဆိုသော ပြောစကားများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တိုက်တွန်းတောင်းဆိုခဲ့သူဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်း ဒါဗာအိုမြို့တော်ဝန်ဖြစ်စဉ်က ရာဇဝတ်ကောင်များကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်ဟု ၀ံ့ကြွားပြောဆိုမှုများ ရှိခဲ့သည်။ " လူတစ်ယောက်က သူကိုယ်တိုင်လူသတ်ခဲ့ပါတယ်ဆိုပြီး ထုတ်ဖော်ပြောနေတဲ့အချိန် ဘာလို့ တရားရေးဘက်က ဒါကို စုံစမ်းစစ်ဆေးဖို့ မစကြသလဲ ဆိုတာ စဉ်းစားလို့ကို မရပါဘူး" ဟု ကုလအကြီးအကဲက ပြီးခဲ့သည့် ရက်ပိုင်းက ပြောဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly