အန္တာတိက ရေခဲပြင်လွှာအောက်တွင် ထူးကဲဆန်းပြားသည့် ဇီဝမျိုးကွဲများကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

အန္တာတိက ရေခဲပြင်လွှာအောက်တွင် ထူးကဲဆန်းပြားသည့် ဇီဝမျိုးကွဲများကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ဒီဇင်ဘာ ၂၁ ။           ။ အန္တာတိက ရေခဲပြင်လွှာအောက်၌ ထူးကဲစုံလင်လှသည့် ဇီဝမျိုးစိတ် အမျိုးအစားအများအပြားကို သိပ္ပံပညာရှင်တစ်စုက တွေ့ရှိမှတ်တမ်းတင်ထားလိုက်နိုင်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစတြေးလျ သိပ္ပံပညာရှင်များပါ၀င်သော အဖွဲ့တစ်ခုက မှတ်တမ်းတင်ထားနိုင်သည့် ဗီဒီယိုတစ်ခုအရ အန္တာတိကရေခဲပင်လယ်ကြမ်းပြင်အောက်တွင် ထူးခြားဆန်းပြားစွာ ဖြစ်ပေါ်တည်ရှိနေသည့်   ရေအောက်ဇီဝမျိုးကွဲများကို တွေ့ရှိထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုကို အန္တာတိကအရှေ့ပိုင်းရှိ Casey သုတေသနအခြေစိုက်စခန်းအနီး ရေအောက်သို့ လွှတ်လိုက်သည့် စက်ရုပ်ယာဉ်တစ်ခုက ရိုက်ကူးလိုက်နိုင်ခြင်းဖြစ်သည်။

ယမန်နှစ် နို၀င်ဘာလက ရေအောက်ရှိ အက်ဆစ်ဓါတ်၊ အောက်ဆီဂျင်၊ ဆားငန်ဓါတ်နှင့် ရေအောက်အပူချိန်တို့ကို မှတ်တမ်းတင်တိုင်းတာရေးပစ္စည်းတစ်ခုကို ရှာဖွေရန် အဆိုပါစက်ရုပ်ကို   စေလွှတ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly