ရီးယဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ် လျှော့ချခံရ

ရီးယဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ် လျှော့ချခံရ

ဒီဇင်ဘာ ၂၁၊ မက်ဒရစ်။               ။ ရီးယဲလ်မက်ဒရစ်အသင်းသည် အားကစားအငြင်းပွားမှုဆိုင်ရာခုံရုံးသို့ အယူခံဝင်ပြီးနောက် ကစားသမားအပြောင်းအရွှေ့   စျေးကွက်တစ်ခုပိတ် ပြစ်ဒဏ်သို့   လျှော့ချခံရသည်။

စပိန်ကလပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ၏ ကစားသမားအပြောင်းအရွှေ့စျေးကွက်နှစ်ခုပိတ်ပင်ခြင်းကို ခံထားရခြင်းဖြစ် သည်။

အသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်မှတ်ပုံတင်ခွင့်ရဦးမည်မဟုတ်သော်လည်း နွေရာသီအပြောင်းအရွှေ့ကာလတွင်မူ ကစားသမားများ   ခေါ်ယူနိုင်တော့မည်ဖြစ်သည်။

ဒဏ်ငွေ ဆွစ်ဖရန့် ၃၆၀,၀၀၀ (ပေါင် ၂၈၂,၀၀၀) မှလည်း ဆွစ်ဖရန့် ၂၄၀,၀၀၀ (ပေါင် ၁၈၈,၀၀၀) သို့လျှော့ချခံရသည်။ ရီးယဲလ် နှင့် အက်သလက်တီကိုအသင်းတို့သည် အသက် ၁၈ နှစ်အောက်   ပြည်ပကစားသမားခေါ်ယူရာတွင် စည်းကမ်းချိုးဖောက်မှုဖြင့် ပြစ်ဒဏ်ချပိတ်ပင်ခံရခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်း၏ အယူခံနှင့်ပတ်သက်ပြီးမူ မည်သည့်သတင်းအချက်အလက်မှထွက်ပေါ်လာခြင်းမရှိသေးပေ။ ဖီဖာ သည် ပြီးခဲ့သည့်နှစ်ဇန်နဝါရီကတည်းက ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သော်လည်း အယူခံကြောင့် နှစ်သင်းစလုံးမှာပြီးခဲ့သည့် နွေရာသီက ကစားသမားသစ်ခေါ်ခွင့်ရခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly