ဝေဟင်ဘေးအန္တရာယ်များ မကျရောက်စေရန် ဆိတ်ကို ယဇ်ပူဇော်သည့် ပါကစ္စတန်အမျိုးသား လေကြောင်းလိုင်း သရော်လှောင်ပြောင်ခံရ

ဝေဟင်ဘေးအန္တရာယ်များ မကျရောက်စေရန် ဆိတ်ကို ယဇ်ပူဇော်သည့် ပါကစ္စတန်အမျိုးသား လေကြောင်းလိုင်း သရော်လှောင်ပြောင်ခံရ

ကရာချိ၊ ဒီဇင်ဘာ ၂၀ ။                ။ ပါကစ္စတန်နိုင်ငံတွင် ဆိုးဝါးသည့် လေကြောင်းအန္တရာယ် ကြံုတွေ့ပြီးနောက် ကံဆိုးများ လွင့်ပျောက်စေရန် ဆိတ်ကို သတ်ဖြတ် ယဇ်ပူဇော်သည့် ပါကစ္စတန် အမျိုးသားလေကြောင်းလိုင်းအား သရော်လှောင်ပြောင်ကြသည်။

ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း PIA က ဝန်ထမ်းများက ပြည်တွင်းခရီးစဉ်အတွက် ပျံသန်းမည့် ATR-42 လေယာဉ်အနား ဆိတ်မည်းတစ်ကောင်ကို သတ်ဖြတ်နေသည့်  ပုံများ ပျံနှံ့ခဲ့ခြင်းဖြစ်သည်။

လေကြောင်းလိုင်းအနေဖြင့် ဒီဇင်ဘာ ရ ရက်က လူပေါင်း ၄၇ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက်ပိုင်း ATR လေယာဉ်များအား ပျံသန်းခွင့် ရပ်နားထားခဲ့ရာမှ ယခုပျံသန်းမှုမှာ ပထမဆုံးဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင် ဆိတ်မည်းတစ်ကောင်ကို သတ်ဖြတ်ခြင်းက ဘေးဆိုးအန္တရာယ်ဆိုးများကို ကင်းပစေနိုင်သည်ဟု အများစုက ယုံကြည်ထားကြသည်။

ထိုသို့ လေကြောင်းလိုင်းဝန်ထမ်းများက ဆိတ်အား ယဇ်ပူဇော်သော ပုံများမှာ အစစ်အမှန်လည်းဖြစ်ပြီး ဖိုတိုရှော့လည်း မဟုတ်သဖြင့် မယုံကြည်ကြသူများ၏ ရယ်သွမ်းသွေး  သရော်ခြင်းများ   ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

PIA လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ကိစ္စဖြစ်ပွားပြီးနောက် အလျင်အမြန်ဖြေရှင်းခဲ့ပြီး ဆိတ်အား သတ်ဖြတ်ကြခြင်းသည် ဝန်ထမ်းများဘာသာ ပြုမူကြခြင်းသာဖြစ်ပြီး
လေကြောင်းလိုင်းက စီစဉ်ဆောင်ရွက်ခိုင်းခြင်း မဟုတ်ကြောင်း ဖြေရှင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags