အင်ဒိုနီးရှား စစ်လေယာဉ်ပျက်ကျ၍ လိုက်ပါသူအားလုံး သေဆုံး

အင်ဒိုနီးရှား စစ်လေယာဉ်ပျက်ကျ၍ လိုက်ပါသူအားလုံး သေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ ၁၉ ။                ။ အင်ဒိုနီးရှားနိုင်ငံတွင် အရှေ့အစွန်ဖျား ပါပူဝါပြည်နယ်၌ လေတပ်စစ်လေယာဉ်တစ်စင်း ပျက်ကျ၍ ယာဉ်ပေါ်လိုက်ပါသူ အားလုံးသေဆုံးသည်။

Hercules C-130 စစ်လေယာဉ် ပျက်ကျမှုတွင် ပိုင်းလော့ သုံးဦးနှင့် စစ်မှုထမ်း ဆယ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရာသီဥတုဆိုးဝါးခြင်းကြောင့် ပျက်ကျခြင်းဖြစ်ဖွယ်ရှိကြောင်း လေတပ်ဦးစီးချုပ် ဆူပရီယက်နာက Metro TV ရုပ်သံသတင်းသို့ ပြောသည်။

အဆိုပါ စစ်လေယာဉ်သည် တီမီကာ အရပ်မှ ဝါမီနာအရပ်သို့ ဒီဇင်ဘာ ၁၈ ရက် အစောပိုင်းက ရိက္ခာထောက်ပံ့ရေး ပို့ဆောင်စဉ် သွားရောက်ရာ အရပ်အနီး တောင်စဉ်တန်းတစ်နေရာ၌ ပျက်ကျခြင်းဖြစ်သည်။

လေယာဉ် အပျက်အစီးကို တွေ့ရှိပြီး သေဆုံးရုပ်အလောင်းများအား ဝါမီနာအရပ်သို့ ပြန်လည်ယူဆောင်လာခဲ့ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အော်ပရေးရှင်းဒါရိုက်တာ အီဗန်အာမတ်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် လေကြောင်းဆိုင်ရာ လုံခြံုရေး အားနည်းသည့် မှတ်တမ်းများ ရှိသည်။

၂၀၁၅ ဇွန်လအတွင်းကလည်း နိုင်ငံ၏ လေတပ်က ပိုင်ဆိုင်သော အလားတူ လေယာဉ်အမျိုးအစားတစ်စင်း ပျံတက်ပြီး အချိန်တိုအတွင်း၌ပင် ပျက်ကျမှုဖြစ်ခဲ့ရာ လေယာဉ်အမှုထမ်း ၁၂ ဦး၊ ခရီးသည် ၁၀၉ ဦးနှင့် မြေမြင်မှ ၂၂ ဦး သေဆုံးမှု ဖြစ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly