ဆီးရီးယားရှိ သူပုန်သိမ်းပိုက်မြေများမှ အရပ်သားများ ရွှေ့ပြောင်းခွင့်အား အစိုးရနှင့် သူပုန်တို့ သဘောတူ

ဆီးရီးယားရှိ သူပုန်သိမ်းပိုက်မြေများမှ အရပ်သားများ ရွှေ့ပြောင်းခွင့်အား အစိုးရနှင့် သူပုန်တို့ သဘောတူ

အလီပို၊ ဒီဇင်ဘာ ၁၇ ။         ။ ဆီးရီးယားနိုင်ငံအတွင်း သူပုန်သိမ်းပိုက်ဒေသတစ်ချို့မှ အရပ်သားများ ရွှေ့ပြောင်းခွင့်ကို သဘောတူညီမှုသစ်တစ်ရပ် ရရှိကြောင်း အစိုးရနှင့် သူပုန်များက ဒီဇင်ဘာ ၁၇ ရက်၌ ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရတပ်များက ထိုးစစ်ချီတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အလီပိုမြို့တွင်း ထောင်ပေါင်းများစွာသော ပြည်သူများက မြို့မှ ထွက်ခွာရွှေ့ပြောင်းနိုင်ရေး မျှော်လင့်လျက်ရှိနေသည်။

ယခုသဘောတူညီမှုတွင် သူပုန်ထိန်းချုပ် မြို့နှစ်မြို့နှင့် အစိုးရသစ္စာခံမြို့နှစ်မြို့တို့မှ ပြည်သူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနိုင်ခွင့်လည်းပါဝင်သည်။

အလီပိုမြို့မှ ပြည်သူ အနည်းဆုံး ၆၀၀၀ နီးပါး ရွှေ့ပြောင်းခဲ့ပြီဖြစ်သော်လည်း ဒီဇင်ဘာ ၁၆ ရက်၌ ထိုသို့ ရွှေ့ပြောင်းမှုများကို ရပ်ပစ်ခံထားရခြင်းဖြစ်သည်။

ရွှေ့ပြောင်းမှုများ ပြုလုပ်စဉ် အခြေအနေများ ရှုပ်ထွေးခြင်းကြောင့် ဒီဇင်ဘာ ၁၆ ရက် ရပ်ပစ်ခဲ့ခြင်းဖြစ််သည််။

အစိုးရက သူပုန်များဖက်က ယာဉ်တန်းများကို တိုက်ခိုက်ကြောင်း ပြောပြီး သူပုန်များက အစိုးရထောက်ခံသည့် တပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

အလီပို အရှေ့ပိုင်းတွင် အအေးဒဏ်ခံရကာ ဆာလောင်မွတ်သပ်နေသော ထောင်ပေါင်းများစွာသော ပြည်သူများက ဘေးကင်းလုံခြံုစွာ   ရွှေ့ပြောင်းနိုင်ရေးအတွက်   စောင့်စားလျက်ရှိနေကြောင်း   မြေပြင်သတင်းထောက်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly