လေထုညစ်ညမ်းမှု ဆိုးရွားလာနေခြင်းကြောင့် ပေကျင်းမြို့ဝန်းကျင်ရှိ စက်ရုံပေါင်း ၁,၂၀၀ ကျော်ကို ထုတ်လုပ်မှု လျှော့ချရန် အစိုးရ ညွှန်ကြား

လေထုညစ်ညမ်းမှု ဆိုးရွားလာနေခြင်းကြောင့် ပေကျင်းမြို့ဝန်းကျင်ရှိ စက်ရုံပေါင်း ၁,၂၀၀ ကျော်ကို ထုတ်လုပ်မှု လျှော့ချရန် အစိုးရ ညွှန်ကြား

ဒီဇင်ဘာ ၁၇ ။                ။ လေထုညစ်ညမ်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လာနေသော တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့အနီးရှိ စက်ရုံအလုပ်ရုံပေါင်း ၁,၂၀၀ ခန့်အား ယင်းတို့၏ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် သို့မဟုတ် ထုတ်လုပ်မှုလျှော့ချရန် အစိုးရက ညွန်ကြားထားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင်အမြင့်ဆုံးလေထုညစ်ညမ်းမှု သတိပေးချက်ထုတ်ပြန်ထားပြီးနောက်ပိုင်း လုပ်ငန်းများ လျှော့ချထုတ်လုပ်ရန် ညွန်ကြားခံရသည့် လုပ်ငန်းများထဲတွင် ရေနံကုမ္ပဏီ Sinopec က လည်ပတ်နေသော   ရေနံချက်စက်ရုံတစ်ခုလည်း ပါ၀င်နေကြောင်း သိရသည်။

နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်လုပ်ငန်း အာဏာပိုင်များက လေထုညစ်ညမ်းမှုဆိုင်ရာ အနီရောင် သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားရာ ယင်းထုတ်ပြန်ချက်နှင့်အတူ ယာဉ်သွားလာမှု  ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဆေးရုံ၊ကျောင်း၊ စီးပွားရေးလုပ်ငန်းများတွင် ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်သွားရန်ရှိနေသည်။

ယခု ညွှန်ကြားချက်ထုတ်ပြန်ခံထားရသော စက်ရုံများထဲ၌ Sinopec ၏ တစ်နှစ်တန်ချိန် ၁၀ သန်းထုတ်လုပ်ပေးနေသော Yanshan ရေနံချက်စက်ရုံ၊ Shougang အုပ်စု၏ စတီးလ်စက်ရုံနှင့် အသင့်စား   ခေါက်ဆွဲများထုတ်လုပ်သည့် စက်ရုံတစ်ရုံတို့လည်း ပါ၀င်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly