လူးဝစ္စဆွာရက်ဇ်ကို ဘာစီလိုနာအသင်း ယနေ့စာချုပ်သစ် ချုပ်ဆိုမည်

လူးဝစ္စဆွာရက်ဇ်ကို ဘာစီလိုနာအသင်း ယနေ့စာချုပ်သစ် ချုပ်ဆိုမည်
 

ဒီဇင်ဘာ ၁၆၊ စပိန် ။                ။ ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သည့် လူးဝစ္စဆွာရက်ဇ်က ကက်တလန်ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။

ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုမည်ဖြစ်ပြီး ယနေ့(သောကြာ)နေ့တွင် စာချုပ်၌တရားဝင်လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

အခြားအသင်းများအနေဖြင့် ဆွာရက်ဇ်ကို ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရိုသန်း ၂၀၀ ပေးချေရမည်ဟု စာချုပ်သစ်တွင် ထည့်သွင်းချုပ်ဆိုမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ရ၅ သန်းဖြင့်ရောက်ရှိလာခဲ့သည့်ဆွာရက်ဇ်သည် ၁၁၆ ပွဲတွင် ၉၇ ဂိုးသွင်းယူပြီး ၄၈ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ဆုဖလား ရှစ်လုံး အထိ ရရှိထားသူ ဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီအားစာချုပ်သစ်ချုပ်ဆိုနိုင်မည်ဆိုပါက ပျော်ရွှင်မှုမှာ အလွန်ပြီးပြည့်စုံသွားလိ့မ်မည်ဟု ဆွာရက်ဇ်က ပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်းသည် နေမာကိုလည်း ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly