အိန္ဒိယရုပ်ရှင်ရုံပွဲတော်၌ နိုင်ငံတော်သီချင်းဖွင့်စဉ် ထိုင်နေသူများကို ဖမ်းဆီး

အိန္ဒိယရုပ်ရှင်ရုံပွဲတော်၌ နိုင်ငံတော်သီချင်းဖွင့်စဉ် ထိုင်နေသူများကို ဖမ်းဆီး

နယူးဒေလီ၊ ဒီဇင်ဘာ ၁၄ ။              ။ အိန္ဒိယနိုင်ငံတွင် ရုပ်ရှင်ပွဲတော်၌ နိုင်ငံတော်သီချင်း ဖွင့်လှစ်ပြသစဉ် မတ်တပ်မရပ်ဘဲ ထိုင်နေသူများကို ဖမ်းဆီးရာ ဆယ့်နှစ်ဦး အဖမ်းဆီးခံရသည်။

ကာရာလာပြည်နယ် ထရီဗန်ထရမ်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၌ ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းခဲ့သူများအား နောက်ပိုင်းပြန်လွှတ်ပေးခဲ့သော်လည်း အခြားသူများအတွက်ပါ အနှောင့်အယှက်ဖြစ်စေသည့် တည်မြဲအမိန့်အား မလိုက်နာမှုဖြင့် စွဲချက်တင်ထားသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ချင်နိုင်ရှိ ရုပ်ရှင်ရုံတစ်ရုံတွင် နိုင်ငံတော်သီချင်းဖွင့်စဉ် မတ်တပ်မရပ်သူ ရှစ်ဦးအား နိုင်ငံတော်သီချင်းကို မလေးမစားပြုမူမှုဖြင့် စွဲဆိုထားကြောင်း ရဲက ပြောသည်။

အိန္ဒိယဗဟိုတရားရုံးချုပ်က နိုင်ငံတွင်းရှိ ရုပ်ရှင်ရုံများ၌ ဇာတ်ကားမပြသမီ နိုင်ငံတော်သီချင်း ထုတ်လွှင့်ရန်နှင့် ထုတ်လွှင့်စဉ် မတ်တပ်ရပ်ကြရန် ပြီးခဲ့သည့်လက ပြဌာန်းခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ၊တရားစွဲဆိုမှုများ ဖြစ်လာခဲ့ခြင်းလည်းဖြစ်သည်။

“တကယ်လို့ ထိုင်ခုံမှာ ထိုင်မနေရင် ကျွန်တော် ခုံပျောက်သွားမှာပဲဆိုပြီး တွေးမိလို့ပါ။”ဟု အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အဖမ်းခံလိုက်ရသူတစ်ဦးက ပြောသည်။

ဟိန္ဒိူအမျိုးသားရေးဝါဒီ အာဏာရ BJP ပါတီက အားပေးထောက်ခံသည့် တရားရုံးချုပ်၏ အငြင်းပွားဖွယ် အဆိုပါ ပြဌာန်းချက်သည် တိုင်းချစ်ပြည်ချစ်စိတ်ကို ပြသရန် နိုင်ငံသားများအား နှိုးဆော် တိုက်တွန်းမှုများကြား ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags