ဆူလ်တန်မိုဟာမက်ဗွီကို မလေးရှားဘုရင်သစ်အဖြစ် တင်မြှောက်

ဆူလ်တန်မိုဟာမက်ဗွီကို မလေးရှားဘုရင်သစ်အဖြစ် တင်မြှောက်
(ဓာတ်ပုံ - အီးပီအေ)

၁၉၅၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ဆူလ်တန်မိုဟာမက်ဗွီကို တရားဝင် တင်မြှောက်တဲ့အခမ်းအနား ဒီဇင်ဘာ ၁၃ ရက်နေ့က ကွာလာလမ်ပူ၊ ပါလီမန်ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

မလေးရှား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယခုတင်မြှောက်လိုက်တဲ့ ဘုရင်ဟာ (ပြည်နယ် ကိုးခုမှ အလှည့်ကျစနစ်ဖြင့်  ၅ နှစ်  တစ်ခါ ရွေးချယ် တင်မြှောက်) ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ကီလန်တန်ပြည်နယ်ကို အုပ်ချုပ်နေသူလည်းဖြစ်တဲ့ ဘုရင်အဖြစ် တင်မြှောက်ခံရတဲ့ ဆူလ်တန်မိုဟာမက်ကို ဂုဏ်ပြုတပ်ဖွဲ့က သေနတ် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့ပါတယ်။

သက်တော် ၄၇ နှစ်ရှိ ဘုရင်သစ်ဟာ နိုင်ငံရဲ့ သက်တော်အငယ်ဆုံး ဘုရင်လည်းဖြစ်ပါတယ်။

ုနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ မလေးရှား မွတ်စလင်းများအားလုံးက မလေးရာ တိုင်းရင်းသားအုပ်စုရဲ့ ဘိုးဘေးအဖြစ် ဘုရင်ကို ကြည်ညိုကြပါတယ်။

မလေးရှားနိုင်ငံဟာ ပြည်နယ် ၁၃ ခုဖြင့် ခွဲခြားထားပြီး အဲဒီထဲမှ ပြည်နယ် ၉ ခုကို ဘုရင်က အုပ်ချုပ်ပါတယ်။

မလေးရှားနိုင်ငံဟာ ၁၉၅၇ ခုနှစ်က ဗြိတိန်အုပ်ချုပ်မှုမှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အလှည့်ကျ ဘုရင်စနစ် ကျင့်သုံးနေတဲ့ တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံလည်း ဖြစ်ပါတယ်။

Ref; EFE_EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags