အကြမ်းဖက်ဆန့်ကျင်ရေး အလစ်အငိုက်စီးနင်းမှုတွင် လူ ၆ ယောက်အဖမ်းခံခဲ့ရကြောင်း ဗြိတိန်ရဲများပြော

အကြမ်းဖက်ဆန့်ကျင်ရေး အလစ်အငိုက်စီးနင်းမှုတွင် လူ ၆ ယောက်အဖမ်းခံခဲ့ရကြောင်း ဗြိတိန်ရဲများပြော

လန်ဒန်။               ။ ဒီဇင်ဘာ ၁၂ရက် တနင်္လာနေ့တွင် အင်္ဂလန်အလယ်ပိုင်းနှင့် လန်ဒန်မြို့တစ်လျှောက် အကြမ်းဖက် ဆန့်ကျင်ရေး အလစ်အငိုက်စီးနင်းမှုှုများ ပြုလုပ်လျက်ရှိရာ လူပေါင်း၆ယောက်ခန့် ဖမ်းဆီးရမိခဲ့ကြောင်းကို ဗြိတိန် ရဲများကပြောကြားခဲ့ပါသည်။

ရဲအရာရှိတွေဟာ ဒါဘီမြို့မှ လူ၄ယောက်ခန့်၊ ဘာတွန်မြို့မှ တစ်ယောက်၊ အကြမ်းဖက်မှုပြုလုပ်ရန်ပြင်ဆင်နေ ကြောင်းသံသယရှိမှုဖြင့် လန်ဒန်မြို့မှ အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း ၆ယောက်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

“ဒေသခံပြည်သူတွေဟာ လက်ရှိဖမ်းဆီးမှုတွေ အပေါ် စိုးရိမ်မှုများ ရှိနေမယ်ဆိုတာကို ကျနော်တို့သတိထားမိပါ တယ်။ ဒါကြောင့် ဒေသတွင်းရှိ ရဲအရာရှိတွေဟာ သူတို့ပိုင်နက်အတွင်းက စိုးရိမ်နေတဲ့ပြည်သူများကို ထုံးစံအတိုင်း လက်ရှိအခြေအနေများကို ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်”လို့ အရှေ့မြောက် တန်ပြန်အကြမ်းဖက်မှုတိုက် ခိုက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်   ကြေညာခဲ့ပါသည်။ ဆက်လက်ပြီး ဒေသခံပြည်သူတွေက ိုသတိရှိဖို့နဲ့ နိုးနိုး ကြားကြားနေထိုင်ကြဖို့ သတိပေးခဲ့ပါသည်။

အသက် ၂၂၊၂၇၊၃၅၊၃၆ နှစ်အရွယ်ရှိ ယောင်္ကျားငါးယောက်ခန့် နှင့် ၃၂နှစ်အရွယ ်အမျိုးသမီးတို့ကို အမှုစစ်နေစဉ် အတောအတွင်း စုံစမ်းစစ်ဆေးမှုအဖြစ် အိမ်ရာအဆောက်အအုံ ၆ ခုလောက်ကို ၀င်ရောက်ရှာဖွေမှုများပြုလုပ် ခဲ့ပါသည်။

ဗြိတိန်ဟာလောလောဆယ်မှာ အကြမ်းဖက်လိုသူများ၏ ဒုတိယအဆင့်ရှိ ခြိမ်းခြောက်မှုအခြေအနေများကို ကြံုတွေ့နေရပြီး ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ဗြိတိန်နိုင်ငံခြားရေးရာ   ထောက်လှမ်းရာ အရာရှိချုပ်က အစ္စလာမ်မစ် အကြမ်းဖက်များဟာ ဆီးရီးယားရှိ၀ရုန်သုန်းကား အခြေအနေများကို အသုံးချကာ ဗြိတိန်နှင့်သူ၏ မဟာမိတ်များကို တိုက်ခိုက်ဖို့ ကြံစည်နေကြကြောင်း ပြောကြားခဲ့ပါသည်။

Ref: Channel New Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly