အာဂျန်ရော်ဘင်ဖွင့်ချခဲ့တဲ့ ဘိုင်ယန်အသင်းရဲ့ အဝတ်လဲခန်းထဲက အကြောင်း

အာဂျန်ရော်ဘင်ဖွင့်ချခဲ့တဲ့ ဘိုင်ယန်အသင်းရဲ့ အဝတ်လဲခန်းထဲက အကြောင်း

Bedum ဆိုတဲ့ အလွန်သေးငယ်တဲ့ ဒတ်ချ်မြို့လေးကနေ ကမ္ဘာ့ဘောလုံးလောကထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့သူက အာဂျန်ရော်ဘင်လို့ ခေါ်တဲ့ ဟော်လန်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဟော်လန်၊ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေမှာ ကစားခဲ့ပြီးအောင်မြင်မှုတွေရခဲ့တဲ့ ရော်ဘင်ဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒက်စ်လီဂါ ပွဲ ၁၅၀ ကစားခဲ့ပြီး ဖြစ်ပါတယ်။

အခု ရော်ဘင်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဝတ်လဲခန်းထဲက လျှို့ဝှက်ချက်တစ်ချို့ကို ဖွင့်ချခဲ့ပါတယ်။ ပရိသတ်တွေ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

အသင်းမှာ ဟာသဉာဏ်အရွှင်ဆုံးက ဘယ်သူလဲ?

ဖရန့်ရီဘာရီ။ သေချာတယ် သူက ဟာသဉာဏ်အရွှင်ဆုံးတွေထဲက တစ်ယောက်ပဲ။ ပြီးတော့ သောမတ်စ်မူလာ။ မူလာကတော့ အမြဲတမ်း ဟာသတွေပြောနေတာပဲ။

ဖက်ရှင်အကျဆုံးကရော ဘယ်သူလဲ?

လူတိုင်းကတော့ သူ့ဖက်ရှင်နဲ့သူပါပဲ။ မင်းသိလား တစ်ချို့ဖက်ရှင်သိပ်မကျတဲ့သူတွေတော့ရှိတယ်။ ဒါပေမဲ့ အသင်းမှာ ဖက်ရှင်အကျဆုံး ၀တ်တတ်စားတတ်တာကတော့ အလာဘာနဲ့ ဘိုတန်ပဲ။

အဝတ်လဲခန်းထဲမှာ အသံအကျယ်ဆုံးက ဘယ်သူလဲ?

အသံအကျယ်ဆုံးလား? ကောင်းပါပြီ။ ရာဖင်ဟာကတော့ တစ်ခါတစ်လေ အသံ ကျယ်ကျယ် ကျယ်ကျယ် ပြောတတ်တယ်။

ဖရိုဖရဲနဲ့ နေသားတကျ မဖြစ်တာကရော ဘယ်သူလဲ?

အိုး…အာတူရို လို့ထင်တယ်။ ဟုတ်တယ် အာတူရိုဗီဒယ်လ်။

ဘောလုံးကစားရာမှာ ဦးနှောက်အရှိဆုံးက ဘယ်သူလဲ?

ကျွန်တော်တို့အသင်းမှာ ဘောလုံးဦးနှောက်ရှိတဲ့သူတွေ ရှိပါတယ်။ ဖိလစ်လမ်းကတော့ အဲ့ဒီထဲက တစ်ယောက်လို့ထင်တယ်။ နောက်ထပ်ရှိသေးတယ်။ ဒါပေမဲ့ နာမည်နဲ့အတိအကျရွေးပါဆိုရင်တော့ ဖိလစ်လမ်းက အမှန်ကန်ဆုံး တစ်ယောက်ပဲ။

မိုဘိုင်းဖုန်းကို စွဲစွဲမြဲမြဲသုံးတတ်တဲ့ သူကရော?

အချိန်ရပြီလား၊ အချိန်ရပြီဆိုတာနဲ့ အားလုံးသုံးကြတာပါပဲ။

အကောင်းဆုံး ဘယ်ခြေထောက်ပိုင်ရှင်က ဘယ်သူလဲ?

အကောင်းဆုံးဘယ်ဘက်ခြေထောက်ပိုင်ရှင်ဟုတ်လား။ ခင်ဗျားက ကျွန်တော်ကို့အကောင်းဆုံးလို့ ပြောစေချင်တာလား။ နိုး..နိုး.. ကျွန်တော်ဒါမျိုးဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော်ထင်တာတော့   ဒေးဗစ်အကောင်းဆုံးပဲ။ ဒေးဗစ်အလာဘာက အကောင်းဆုံး ဘယ်ခြေထောက်ပိုင်ရှင်ပဲ။ အကောင်းဆုံးဂိုးတွေနဲ့ ဖရီးကစ်တွေကို သူသွင်းပြခဲ့ပြီးပြီ။

ဒါဆို ခင်ဗျားက ဒုတိယအကောင်းဆုံးလား?

အင်း...အလာဘာရဲ့နောက်ကပေါ့။ ဒါပေမဲ့ မသေချာပါဘူး…

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly