ရာသီကြို ခြေစမ်းပွဲကစားရန် ရှာပါကွင့်စ်အသင်းကို ဘာစီလိုနာအသင်း ဖိတ်ကြား

ရာသီကြို ခြေစမ်းပွဲကစားရန် ရှာပါကွင့်စ်အသင်းကို ဘာစီလိုနာအသင်း ဖိတ်ကြား

ဒီဇင်ဘာ ၉၊ ဘာစီလိုနာ။                   ။ ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ရာသီကြို ခြေစမ်းပွဲကစားရန်အတွက် ဘရာဇီးကလပ် ရှာပါကွင့်စ်အသင်းကို ဖိတ်ကြားထားသည်။

ရှာပါကွင့်စ်ကစားသမားနှင့် ဝန်ထမ်း ၁၉ ဦးသည် ကို ပါဆူဒါအမေရိက ဗိုလ်လုပွဲ ပထမအကျော့ကစားရန် ကိုလံဘီယာသို့ သွားရောက်စဉ် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် ခရီးသည် ရ၁ ဦးထဲတွင် ပါဝင်သွားခဲ့သည်။

ဘာစီလိုနာအသင်းနှင့် ဖိတ်ကြားခံအသင်းတို့ နှစ်စဉ်ကစားသည့် ယိုဟန်ဂမ်ပါဖလားပွဲအတွက် ရှာပါကွင့်စ်အသင်းကို ဖိတ်ကြား ထားခြင်းဖြစ်သည်။

ကွယ်လွယ်သွားသူများကို ဂုဏ်ပြုချင်ကြောင်းနှင့် ရှာပါကွင့်စ်အသင်း ပြန်လည်ထူထောင်မှုကို ကူညီချင်ကြောင်း ဘာစီလိုနာ အသင်းက ကြေညာသည်။

လေယာဉ်ပျက်ကျရာတွင် အသက်ရှင်ကျန်သည့် ခရီးသည် ခြောက်ဦးအနက် ရှာပါကွင့်စ်အသင်းသား သုံးဦးပါဝင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly