ဖော့ဘ်စ်မဂ္ဂဇင်း၏ အနုပညာကြေးပိုမိုရရှိသော သရုပ်ဆောင်စာရင်း၌ ဂျွန်နီဒက်ပ်၊၀ီလ်စမစ်၊နှင့် ဂျော့ကလူးနီး တို့ပါ၀င်

ဖော့ဘ်စ်မဂ္ဂဇင်း၏ အနုပညာကြေးပိုမိုရရှိသော သရုပ်ဆောင်စာရင်း၌ ဂျွန်နီဒက်ပ်၊၀ီလ်စမစ်၊နှင့် ဂျော့ကလူးနီး တို့ပါ၀င်

သရုပ်ဆောင်တွေရဲ့ပါ၀ါဟာရုပ်ရှင်ကို ၀င်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းမှာ မပါ၀င်နိုင်စေဘူးဆိုတာကို သာဓကအဖြစ်ဖော်ပြတဲ့ အနေနဲ့ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က   ဟောလိ၀ုဒ်ရဲ့ လိုတာထက်ပိုပြီး အနုပညာကြေးရရှိနေ သောသရုပ်ဆောင်စာရင်းကို ဖော်ပြခဲ့ပြီး အဆိုပါစာရင်းမှာ ဂျွန်နီဒက်ပ် နှင့် ၀ီလ်စမစ်၊တို့ ထိပ်ဆုံးမှ ပါ၀င်နေပါ သည်။

ဒါ့အပြင် ပရိတ်သတ်နှစ်သက်သောသရုပ်ဆောင်ဖြစ်သူ ဂျော့ကလူးနီးဟာလည်း ၂၀၁၅တုန်းက အရှုံးပေါ်ခဲ့တဲ့ သူ့ရဲ့ဇာတ်ကား Tommorrowland အပြင် “Hail Caesar” နဲ့ “Money Monster”တို့ ကဲ့သို့မျှော်မှန်းထားသလို ရုံဝင်ငွေမရရှိခဲ့သောဇာတ်ကားတွေကြောင့် အဆိုပါစာရင်းမှာပါ၀င်ခဲ့ပါသည်။

ဂျွန်နီဒက်ပ်ရဲ့ဇာတ်ကား “Alice Through The Looking Glass” ဟာကုန်ကျငွေ သန်း၁၇၀ထိရှိခဲ့ပြီး ရုံဝင်ငွေ သန်း၃၀၀သာရရှိခဲ့သောကြောင့် လိုတာထပ်ပိုပြီး အနုပညာကြေး ရရှိနေသော သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေပါသည်။

ဒါ့အပြင် သရုပ်ဆောင် ၀ီလ်စမစ်ဟာလည်း “Focus”၊ “Concussion”၊  “After Earth” တို့ကဲ့သို့သောရုံဝင်ငွေ သိပ်မရရှိခဲ့သောဇာတ်ကားတွေကြောင့် အဆိုပါစာရင်းမှာပါ၀င်လာခဲ့ပါသည်။

ဖော့ဘ်စ်မဂ္ဂဇင်းဟာ ခေါင်းဆောင်မင်းသား၊မင်းသမီးများ၏ နောက်ဆုံးထွက်ရှိခဲ့သောဇာတ်ကားသုံးကားရဲ့ ခန့်မှန်းကုန်ကျငွေနှင့်   ပြန်လည်ရရှိသော စုစုပေါင်းရုံဝင်ငွေတို့ကို   နှိုင်းယှဉ်ပြီး အချက်အလက်စုဆောင်းကာ ယခု စာရင်းကို ပြုစုခဲ့ခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly