မြန်မာငါးဖမ်းသမား ၉၁ ယောက်ကို နိုဝင်ဘာ ၃၀ တွင် မြန်မာသို့ ပြန်လည်လွှဲပြောင်းပေးခဲ့

မြန်မာငါးဖမ်းသမား ၉၁ ယောက်ကို နိုဝင်ဘာ ၃၀ တွင် မြန်မာသို့ ပြန်လည်လွှဲပြောင်းပေးခဲ့

ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၅ ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်တွင် ဖမ်းဆီးရမိသည့် မြန်မာငါးဖမ်းသမား ၉၁ ယောက်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် မြန်မာအာဏာပိုင်များသို့ လွှဲပြောင်းပေးခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ်သံရုံးက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း မြန်မာငါးဖမ်းသမားတွေဟာ ငါးဖမ်းလှေ ၁၂ စင်းနဲ့ ၀င်ရောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တရားမဝင် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း   ဖြစ်သည်။

အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ၂၀၁၆၊ ဇွန်လ ၂၃ ရက်မှာ ဒါကာမှာရှိ မြန်မာသံရုံးမှ တစ်ဆင့် ရေကြောင်းသွားလာ ချို့ယွင်းမှုကြောင့် မတော်တဆ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ သက်ညှာခွင့် တောင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ ၁၉၈၀ မှာ ချုပ်ဆိုထားသော နယ်စပ်ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒါကာရှိ မြန်မာသံရုံး၏ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှုအရ ဂုန်ဒွန်း နှင့် တောင်ပြို နယ်စပ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့က နှစ်ဘက်နယ်ခြားစောင့်တပ်များ အလံတင် ဆွေးနွေးပွဲ ပြုလုပ်ကာ   နှစ်ဖက်အာဏာပိုင်များ ရှေ့မှောက်တွင် ပြုလုပ်ခဲ့သည်။

နှစ်နိုင်ငံအကြား  နယ်စပ်ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအား ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်မှုများအား တားဆီးရန် ဆုံးဖြတ်ထားကြောင်း၊  မြန်မာအနေနဲ့လည်း ဒီအတိုင်း ရှိလိမ့်မည် မျှော်လင့်ပါကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly