ကနေဒီစင်တာမှာ အိုဘားမားရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ဂျိမ်းတေလာ၊ အယ်လ်ပါချီနို၊ နဲ့ မာဗစ်စတေပယ်လ်တို့ တစ်သိုက်

ကနေဒီစင်တာမှာ အိုဘားမားရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ဂျိမ်းတေလာ၊ အယ်လ်ပါချီနို၊ နဲ့ မာဗစ်စတေပယ်လ်တို့ တစ်သိုက်

နာမည်ကျော်သီချင်းရေးဆရာ ဂျိမ်းတေလာ၊ ရုပ်ရှင်မင်းသား အယ်လ်ပါချီနို၊ နဲ့ ဓမ္မသီချင်းသီဆိုသူ မာဗစ်စတေပယ် တို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သမ္မတဘားရက်အိုဘားမား လက်ထက်   နောက်ဆုံးအကြိမ် အဖြစ်ကနေ ဒီစင်တာမှာပြုလုပ်တဲ့ နှစ်ပတ်လည်ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ထိုပွဲမှာ သမ္မတအိုဘားမားက ဂျိမ်းတေလာ၊ အယ်လ်ပါချီနို၊ မာဗစ်စတေပယ်၊ စန္ဒယားဆရာ မာသာအာဂါရစ် နဲ့ ရော့ခ်ဂီတအဖွဲ့ Eagles တို့ကို ဂုဏ်ပြုဆုပေးအပ်ခဲ့ပါတယ်။ အဆိုပါဆုဟာ အနုပညာမှတဆင့် အမေရိကန်ရဲ့ ယဉ်ကျေးမှုကိုလွှမ်းမိုးမှုရှိအောင် စွမ်းဆောင်နိုင်သူတွေအားပေးအပ်တာဖြစ်ပါတယ်။

အနုပညာဟာအမြဲတမ်း အမေရိကန်ရဲ့ အဓိကကျတဲ့နေရာမှာရှိပါတယ်လို့ အိုဘားမားကပြောခဲ့ပြီး အိမ်ဖြူတော် မှာသူရှိနေခဲ့တဲ့ရှစ်နှစ်အတွင်း ယခုလိုပွဲမျိုးကိုနှစ်စဉ်နှစ်တိုင်း တက်ရောက်ခဲ့ရလေ့ရှိကာ အဆိုပါပွဲဟာ သူအမြဲ လွမ်းဆွတ်နေမယ့် အကြောင်းအရာတွေထဲက တစ်ခုပါပဲလို့ ပြေကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly