ဒီဇင်ဘာလမှာမွေးဖွားတဲ့သူတွေဟာ တမူထူးခြားတဲ့ စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ဒီဇင်ဘာဖွားလေးတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။
သူတို့ဟာ ဆရာဖြစ်ဖို့ မွေးဖွားလာသူတွေပါ။
သူတို့ သိထားသမျှ အသိပညာဗဟုသုတတွေကို တခြားသူတွေကို မျှဝေပေးဖို့ ဝန်မလေးတတ်ကြသူတွေပါ။ လမ်းမှားရောက်မယ့်အခြေနေတွေကို မလျှောက်တတ်ကြပါဘူး။
အားကစားမှာ ထူးချွန်ကြတယ်
ဒီဇင်ဘာဖွားလေးတွေဟာ အားကစားမှာဝါသနာပါကြပြီးတော့ အားကစားနယ်ပယ်မှာ အောင်မြင်တတ်ကြသူများဖြစ်ကြပါတယ်။
ဗဟုသုတကြွယ်ဝသူများဖြစ်ကြတယ်
စာဖတ်ရတာဝါသနာပါပြီး ဗဟုသုတရှာမှီးတတ်ကြတယ်။ အာရုံစူးစိုက်မှုကောင်းသူများလည်းဖြစ်ကြတယ်။
စည်းစနစ်ကျသူများဖြစ်ကြတယ်
ဒီဇင်ဘာဖွားလေးတွေဟာ သူတို့ရဲ့ ဘဝကို အစီအစဉ်တကျ ဆွဲထားတတ်ကြပြီး ခက်ခဲတဲ့ အခြေနေတွေကိုတောင်မှ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်ကြတယ်။
ကံကောင်းကြတယ်
ဒီဇင်ဘာဖွားလေးတွေဟာ အင်မတန်မှ ကံကောင်းကြသူများဖြစ်ကြပါတယ်။ အလုပ်အကိုင်လျှောက်တဲ့နေရာဖြစ်ဖြစ် ဘဝအခွင့်အလမ်းတွေပဲဖြစ်ဖြစ် တခြားသူတွေထက်စာရင် ဒီဇင်ဘာဖွားလေးတွေဟာ ကံပိုကောင်းကြပါတယ်။
ဘာသာတရားကိုင်းရှိုင်းကြတယ်
ဘာသာတရားကိုင်းရှိုင်းတဲ့အပြင် တခြားသူတွေကို လေးလေးစားစားဆက်ဆံတတ်ကြတယ်။ သူတို့နဲ့ပေါင်းသင်းတဲ့ အခါမှာ သူတို့ရဲ့ အကောင်းမြင်တတ်တဲ့စိတ်နဲ့ ချစ်စဖွယ်စိတ်ထားကို ခံစားရမှာအသေချာပါပဲ။
စိတ်ဓာတ်ခိုင်မာပြီး ပြတ်သားကြတယ်
အခြေနေတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သူတို့နားလည်ကြတယ်။
လက်တွေ့ဆန်ကြတယ်
အိမ်မက်မက်နေရုံနဲ့ မပြီးဘူးဆိုတာကို နားလည်လက်ခံထားသူများဖြစ်ကြတယ်။
ရက်ရောတတ်သူများလည်းဖြစ်ကြတယ်
သင့်သူငယ်ချင်းတွေထဲမှာ ဒီဇင်ဘာဖွားလေးတွေပါတယ်ဆိုရင် သင်ကတော့ ကံကောင်းတာပါပဲ။