၂၆ နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား မက်ဂ်နပ်စ် ကာလ်ဆန်ဟာ ရုရှားနိုင်ငံသား ဆာဂျီကာဂျာကင်ကို အနိုင်ရရှိပြီး ကမ္ဘာ့စစ်တုရင်ဘွဲ့ကို သုံးနှစ်ဆက်တိုက်ရရှိသည့် ကစားသမားဖြစ်လာပါတယ်။
ကာဂျာကင် ဟာ ကာလ်ဆန် နှင့် ဆယ့်နှစ်ချီတက်တိုက် အမှတ်တူသရေကျနေပေမယ့်လည်း နောက်ဆုံးအဆင့်မှာတော့ ခပ်မြန်မြန်ပဲ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူ ၆ သန်းရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ပရိသတ်တွေဟာ ဒီပွဲကိုကြည့်ဖို့ ဒေါ်လာ ၁၀၀ နဲ့ ၅၀၀ ကြားပေးခဲ့ရ ပြီး ကစားသမားတွေနဲ့ ပရိသတ်တွေကြားမှာ အသံလုံဖန်ပြားတွေ ကာထားခဲ့ကြပါတယ်။
ကာလ်ဆန်ကို အားပေးသူ ပရိသတ်တွေဟာ ကာလ်ဆန်အနိုင်ရရှိပြီးပြီးချင်းမှာပဲ သူ့ရဲ့ ၂၆နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်ပြီး မွေးနေ့ဆုတောင်းသီချင်းသီဆို အားပေးခဲ့ကြပါတယ်။
ဒီကမ္ဘာ့စစ်တုရင်ချန်ပီယံပွဲမှာ ရရှိမယ့်ဆုကြေးငွေကတော့ ဒေါ်လာ၁.၁သန်းဖြစ်ကာ ကစားသမားနှစ်ယောက်က ခွဲယူရမှာဖြစ်ပြီး အနိုင်ရရှိသူက ၆၀ရာခိုင်နှုန်းခန့်ရရှိမှာဖြစ်ပါတယ်။