အဆိုတော် Prince ကွယ်လွန်ခြင်း နှစ်လည်အဖြစ် ဖျော်ဖြေပွဲတစ်ခုပြုလုပ်မည်

အဆိုတော် Prince ကွယ်လွန်ခြင်း နှစ်လည်အဖြစ် ဖျော်ဖြေပွဲတစ်ခုပြုလုပ်မည်

တစ်ခေတ်တစ်ခါက လွှမ်းမိုးမှုအရှိဆုံးအဆိုတော်ဖြစ်သူ Prince ကိုရည်စူးပြီး လေးရက်ကြာဖျော်ဖြေပွဲတစ်ခုကို မီနီဆိုတာမှာရှိတဲ့ Prince ရဲ့ Paisley Park Studios မှာ ကျင်းပမယ်လို့ ပွဲစီစဉ်သူက ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။

“Celebration 2017” လို့အမည်ပေးထားတဲ့ ဖျော်ဖြေပွဲဟာ လာမည့် ၂၀၁၇ ဧပြီလ ၂၀ရက်နေ့ကနေ ၂၃ရက် နေ့အထိကျင်းပမည်ဖြစ်ပြီး လေးရက်စာအတွက်လက်မှတ်ရောင်းစျေးကတော့ ၄၉၉ဒေါ်လာကနေ စတင်ရောင်း ချပေးနေပါတယ်။ ဒီပွဲမှာ ဖျော်ဖြေမယ့်အနုပညာရှင်တွေကတော့ Prince ရဲ့ဂီတအဖွဲ့၊ The Revolution အဖွဲ့၊  Morris Day အဖွဲ့နဲ့ နောက်ထပ် Prince ရဲ့ ဂီတအဖွဲ့ဖြစ်တဲ့ 3RDEYEGIRL တို့ဖြစ်ကြပြီး နော်ကထပ်အနုပညာ ရှင်တွေကိုလည်း ထပ်မံကြေညာသွားဦးမယ်လို့ သိရပါတယ်။

 “Purple Rain” ၊ “When Doves Cry” စတဲ့သီချင်းတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် Prince ဟာ ပြီးခဲ့တဲ့ဧပြီလ ၂၁ရက်နေ့က နာကျင်အကိုက်ခဲပျောက်ဆေးတွေကို အလွန်အကျွံသုံးစွဲမှုကြောင့် ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၅၇နှစ်ရှိပြီဖြစ်ပါတယ်။

Ref: Reuters Entertainment

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags