ဇာကာ ပရီးမီးယားလိဂ်နှင့်အံဝင်ရန် အချိန်ပိုမို လိုအပ်နေဟု အာစင်ဝင်းဂါး ဝန်ခံ

ဇာကာ ပရီးမီးယားလိဂ်နှင့်အံဝင်ရန် အချိန်ပိုမို လိုအပ်နေဟု အာစင်ဝင်းဂါး ဝန်ခံ

နိုဝင်ဘာ ၂၇၊ လန်ဒန်။             ။ အာဆင်နယ်အသင်းတွင် အဓိက ကစားသမားတစ်ဦးဖြစ်လာခြင်း မရှိသေးသည့် အသင်း၏ တတိယစျေးအကြီးဆုံး ကစားသမား ဇာကာနှင့်ပတ်သက်ပြီး အာစင်ဝင်းဂါးက ယင်းကစားသမားအနေဖြင့် ပရီးမီးယားလိဂ် ပိုမိုအံဝင်ရန် ကြိုးစားနေရဆဲဖြစ်သည်ဟု ဝန်ခံသည်။

အာဆင်နယ်အသင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားများထဲတွင် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား၏အထက်၌ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့သာရှိနေကြပြီး ယင်းကစားသမားနှစ်ဦးမှာ အသင်းအတွက် အရေးပါသော ကစားသမားများဖြစ်နေ ကြသည်။

သို့သော် ယခုနှစ်နွေရာသီကမှ ပေါင် ၃၄ သန်းဝန်းကျင်ဖြင့်ခေါ်ယူခဲ့သည့် ဇာကာမှာ မိုချင်ဂလက်ဘတ်မှရောက်လာပြီးနောက် ပရီးမီးယားလိဂ် ငါးပွဲသာ ပွဲထွက်ခွင့်ရထားသည်။

“ပရီးမီးယားလိဂ်နဲ့ သူ အံဝင်ဖို့လိုသေးတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ မျှတအောင်လုပ်ရမှာပေါ့။ ကျွန်တော်တို့မှာ ဘောလုံးပိုင်ဆိုင်မှုယူတဲ့ကစားပုံရှိပြီး သူက ဘောလုံးကိုအမြင့်ဘောတွေ၊ ရှုပ်ထွေးတဲ့ပေးပို့မှုတွေလုပ်ရာမှာကျွမ်းကျင်တဲ့ ကွင်းလယ်လူအဖြစ် စည်းတောက်လျှောက်ကစားတယ်။

သူအနေနဲ့ ကျွန်တော်တို့ရဲ့ကစားပုံနဲ့အံဝင်ဖို့၊ အင်္ဂလိပ်ဘောလုံးပွဲတွေရဲ့ ရွေ့လျားနေရာယူမှု နည်းစနစ်တွေကိုအသားကျဖို့ လိုနေသေးတယ်။ သူကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ယုံပါတယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly