မက်ဆီကို တစ်သက်တာစာချုပ်ရန် ဘာစီလိုနာအသင်း စီစဉ်နေ

မက်ဆီကို တစ်သက်တာစာချုပ်ရန် ဘာစီလိုနာအသင်း စီစဉ်နေ

နိုဝင်ဘာ ၂၇၊ ဘာစီလိုနာ။                  ။ ဘာစီလိုနာသည် လာမည့်တစ်ပတ်တွင် ရီးယဲလ်မက်ဒရစ်နှင့် ကစားရမည့် အယ်ကလက်ဆီကို ပွဲအပြီး၌ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကို တစ်သက်တာစာချုပ်အတွက် စတင် ဆွေးနွေးမည်ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ကစား၏လက်ရှိစာချုပ်မှာ လာမည့်ဘောလုံးရာသီကုန် ၂၀၁၈ နွေရာသီ၌ ကုန်ဆုံးမည်ဖြစ်သည်။ ဘာစီလိုနာအနေဖြင့် အသင်း၏ မရှိမဖြစ်ကစားသမားအဖြစ် အနည်းဆုံး ၁၀ နှစ်ကြာ ကစားလာခဲ့သော မက်ဆီကို စာချုပ်သက် တမ်းတိုးလိုနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ လာမည့်စနေနေ့တွင် ရီးယဲလ်နှင့် ကစားသည့်ပွဲပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်နေပြီဟု စပိန် သတင်းများတွင် ဖော်ပြနေကြသည်။

စပိန်သတင်းစာ SPORT တွင် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမီယူသည် မက်ဆီ၏ဖခင်ဖြစ်သူ အေးဂျင့် ဂျော့ချ်နှင့် ဆွေးနွေးနေပြီး ကစားသမားမှာ တစ်သက်တာစာချုပ် ကမ်းလှမ်းခံရဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

မက်ဆီသည် ဘာစီလိုနာအသင်းတွင် ပွဲပေါင်း ၅၄၈ ပွဲကစားထားပြီး ဂိုးပေါင်း ၄၇၄ ထိသွင်းယူကာ ၂၁၉ ဂိုးဖန်တီးထားသည်။ ဆုဖလားပေါင်း ၂၉ လုံးနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ငါးကြိမ် ရရှိထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly