ဘာစီလိုနာအတွက် နိုင်ငံတကာပြိုင်ပွဲများတွင် မက်ဆီ ဂိုး ၁၀၀ ပြည့်သွင်းယူ

ဘာစီလိုနာအတွက် နိုင်ငံတကာပြိုင်ပွဲများတွင် မက်ဆီ ဂိုး ၁၀၀ ပြည့်သွင်းယူ
 

နိုဝင်ဘာ ၂၄၊ စပိန် ။                   ။ ဘာစီလိုနာအသင်းက ဆဲလ်တစ်အသင်းကို ၀-၂ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သောကြောင့် မက်ဆီသည် ဘာစီလိုနာအသင်း အတွက် နိုင်ငံတကာပြိုင်ပွဲများတွင် သွင်းယူသည့်ဂိုး ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်သည်။

အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲနှင့် ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲများတွင် ဂိုး ၁၀၀ အထိသွင်းယူပေးနိုင်ခဲ့ခြင်း   ဖြစ်သည်။

မက်ဆီသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးပေါက်ကန်သွင်းရာတွင် ဂိုးပေါက်တည့်မှု ၁၀ ကြိမ်၌ ၉ ဂိုးသွင်းယူထားနိုင်သည်။ နည်းပြလူးဝစ္စအင်းနရစ်၏လက်အောက်တွင် ပြိုင်ပွဲပေါင်းစုံ၌ ဂိုး ၄၀၀   ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

မက်ဆီသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၉၂ ဂိုး၊ ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲတွင် ၅ ဂိုး၊ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင် ၃ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ချန်ပီယံလိဂ်၏ဂိုးသွင်းအများဆုံးကစားသမားမှာ မက်ဆီ၏ပြိုင်ဘက် စီရော်နယ်ဒိုဖြစ်ပြီး ၉၅ ဂိုးသွင်းယူထားသည်။

ဆဲလ်တစ်ကိုအနိုင်ရခဲ့သည့်ပွဲတွင် မက်ဆီကိုဖန်တီးမှုပြုလုပ်ပေးခဲ့သည့် နေမာသည်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ တစ်ရာသီအတွင်း ဖန်တီးမှု ရ ကြိမ်ပြုလုပ်နိုင်သည့် ဇာဗီ၊ အိုဇေးလ်၊ အီဗရာဟီမိုဗစ်တို့နှင့် စံချိန်တူသွားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly