ကောလာဟလ သတင်းကြောင့် တရုတ်နုုိင်ငံသုုိ့ ထွက်ပြေးတိမ်းရှောင်သူများ မူဆယ်မြို့သုုိ့ ပြန်လည် ရောက်ရှိ

ကောလာဟလ သတင်းကြောင့် တရုတ်နုုိင်ငံသုုိ့ ထွက်ပြေးတိမ်းရှောင်သူများ မူဆယ်မြို့သုုိ့ ပြန်လည် ရောက်ရှိ
 မူဆယ်ဒေသခံများ တရုတ်ပြည် ဂျယ်ဂေါင်ဘက်ခြမ်းသို့ ထွက်ပြေးလာသည် နိုဝင်ဘာ ၂၂ ရက်နေ့က တရုတ်ပြည်ဘက်ခြမ်း ဂျေဂေါင်ဂိတ်တွင် တွေ့ရစဉ်

ချင်းမိုင်၊ နုုိဝင်ဘာလ ၂၃ ။            ။ ရှမ်းပြည်နယ်မြောက်ပုုိင်း မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားနေသော တုုိက်ပွဲကြောင့် တရုတ် နုုိင်ငံဘက်သုုိ့ ထွက်ပြေးတိမ်း ရှောင်ခဲ့သော မူဆယ်မြို့ဒေသခံများသည်  ယနေ့ နုုိဝင်ဘာလ ၂၃ ရက်တွင် မူဆယ်မြို့သုုိ့ ပြန်လည် ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။

နုုိဝင်ဘာလ ၂၂ ရက်က မူဆယ်မြို့ တွင် နေ့လည် ၁၂ နာရီနောက်ပုုိင်း ဖြစ်လာသည့် ကိစ္စတာဝန်မယူဟုု ဆုုိသော ကောလာဟလသတင်းများထွက်ပေးခဲ့ပြီး တရုတ်ပြည် ဂျယ်ဂေါင်သုုိ့ တိမ်းရှောင်ခဲ့သော ဒေသခံများက မူဆယ်မြို့သုုိ့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ အခြေအနေတည်ငြိမ်နေသည်ဟုု မူဆယ်-နမ့်ခမ်းကုုန်သည်ကြီးများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဦးက ပြောသည်။

“အကုုန်လုံုး ပြန်ဝင်လာကြပါပြီ။ မနေ့က ကောလာဟလဖြစ်လုုိက်တာ။ ဒီနေ့တော့ အားလုံုး ပုံုမှန်အတုုိင်း ပြန်ဖြစ်နေပါပြီ။ ဒီနေ့ အခြေအနေကတော့ နည်းနည်းတည်ငြိမ်နေပါပြီ။ မနေ့က မြို့ထဲမှာ ခြောက်ကပ်သွားတယ်ဆုုိတော့ ထွက်ပြေး သွားတာ တစ်ထောင်လောက်တော့ ရှိနုုိင်ပါတယ်” ဟုု သူက မဇ္စျိမကုုိ ပြောသည်။

မူဆယ်မြို့ ဒေသခံ ၂၀၀၀ ခန့်က တရုုတ်နုုိင်ငံ ဂျယ်ဂေါင်မြို့ရှိ ကချင်မနောကွင်းတွင် တစ်ည အိပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပုုိင်းတွင် ပြန်သွားကြပြီ ဖြစ်ကြောင်း ဂျယ်ဂေါင်မြို့ခံတစ်ဦးက ပြောသည်။

လတ်တလော သတင်းများအရ ဒေသခံ အင်အား ၂၀၀၀ ကျော် ထွက်ပြေးတိန်းရှောင်ခဲ့ကြောင်းသိရသော်လည်း မူ ဆယ်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းအချက်အလက်များအရ ထွက်ပြေးတိမ်းရှောင်သူ ရာဂဏန်းမျှသာရှိကြောင်း သိရသည်။

"သူတို့က ဟိုဘက်ကိုအတင်းဝင်သွားတာလေ ။တိုက်နေတယ် ခိုက်နေတယ်ဆိုပြီးထွက်ပြေးတယ် ထွက်ပြေးတော့ ကိုယ့် နိုင်ငံသားတွေ ဖြစ်တဲ့အတွက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် တာဝန်ရှိသူတွေ ပါတယ် ဟိုဘက်က ကူညီပေးနေတဲ့ အဖွဲ့နဲ့ တွေ့ပြီးတော့မှ ကျွန်တော်တို့လူတွေပြန်ခေါ်မယ်ဆိုပြီး ပြည်ပရေးရာဌာနနဲ့ လှမ်းမေး ပြည်ပရေးရာဌာနကမှ ကျွန်တော်တို့ လူတွေ စာအုပ်ပါပါ ၊ မပါပါ၊ ဘာမှမပါ ပါပါ ပြန်ခေါ်လာမယ်ဆိုပြီးတော့ ကားနှစ်စီးနဲ့ခေါ်လာခဲ့တယ်" ဟု မူဆယ်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

မူဆယ်မြို့နေ ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာသည့် ကော်လဟလသတင်းများကုုိ ချင့်ချိန်စဉ်းစားယုံုကြည်ကြရန်နှင့် စုုိးရိမ်ထိန့်လန့်မှု မလွန်ကဲကြရန် လုုိအပ်ပြီး နေအိမ်စွန့်ခွာတိမ်းရှောင်ခြင်းမပြုဘဲ မိမိနေအိမ်များတွင်သာ မေတ္တာရပ်ခံ ထားချက်အတုုိင်း လုုိက်နာနေထုုိင်သွားလာကြခြင်းဖြင့် မြို့လုံုခြံုရေးကုုိ ကူညီပေးကြရန် မူဆယ်ခရုုိင်အုုပ်ချုပ်ရေး ဦးစီး ဌာနက နုုိဝင်ဘာလ ၂၃ ရက်က သတင်းထုုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly