ကက်ရှ်မီးယားတိုက်ခိုက်မှုတွင် စစ်သားသုံးဦး ကျဆုံးခဲ့ခြင်းအတွက် တုံ့ပြန်တိုက်ခိုက်မည်ဟု အိန္ဒိယပြော

ကက်ရှ်မီးယားတိုက်ခိုက်မှုတွင် စစ်သားသုံးဦး ကျဆုံးခဲ့ခြင်းအတွက် တုံ့ပြန်တိုက်ခိုက်မည်ဟု အိန္ဒိယပြော

ကက်ရှ်မီးယား၊ နိုဝင်ဘာ ၂၃ ။               ။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က အငြင်းပွားကက်ရှ်မီးယားဒေသတွင် စစ်သားသုံးဦး တိုက်ခိုက်ခံရကာ သေဆုံးခြင်းအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု အိန္ဒိယစစ်တပ်က ပြောသည်။

တိုက်ခိုက်သူများက ကျဆုံးစစ်သားတစ်ဦး၏ ရုပ်အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ထားခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကာလီရာက ပြောသည်။

တိုက်ခိုက်မှုကို ပါကစ္စတန်စစ်သားများက ကျုးလွန်ခဲ့ခြင်းလား၊ သို့မဟုတ် အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်သွေးကြွများက ကျုးလွန်ခြင်းလားဆိုသည်ကို ၎င်းက အတိအကျမပြောပေ။

ရေရှည်ပိုင်နက်အငြင်းပွားနေသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြားတွင် စက်တင်ဘာလအတွင်းက အိန္ဒိယစစ်စခန်းတိုက်ခိုက်ခံရပြီးနောက် တင်းမာမှုများ တိုးမြင့်လာခဲ့သည်။

၂၀၀၃ အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်နေကြောင်း နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲထားသည်။

ကက်ရှ်မီးယား ပတ်သက်ကာ နျူကလီးယားပိုင် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော်လည်း နယ်မြေကို ခွဲဝေထိန်းချုပ်နေရခြင်းသာဖြစ်သည်။ လွတ်လပ်ရေးရချိန်မှစကာ နှစ်နိုင်ငံကြား စစ်မက် သုံးကြိမ်ဖြစ်ပွားရာတွင် နှစ်ကြိမ်မှာ ကက်ရှ်မီးယားအရေးကြောင့်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly