ဆန်းချက်ဇ်ကို ဆုံးရှုံးရပါက မာကိုရူးစ်ကို အာစင်ဝင်းဂါး ပစ်မှတ်ထားဖွယ်ရှိ

ဆန်းချက်ဇ်ကို ဆုံးရှုံးရပါက မာကိုရူးစ်ကို အာစင်ဝင်းဂါး ပစ်မှတ်ထားဖွယ်ရှိ

နိုဝင်ဘာ ၁၉၊ လန်ဒန်။               ။ အာစင်ဝင်းဂါးသည် ဆန်းချက်ဇ်ကို လက်လွှတ်ဆုံးရှုံးရပါက ဂျာမနီကြယ်ပွင့် မာကိုရူးစ်ကို ပစ်မှတ်ထားခေါ်ယူဖွယ်ရှိနေသည်။

အသင်းနှင့် စာချုပ်သက်တမ်း ၁၈ လသာကျန်သည့် တစ်ပတ်ပေါင် ၁၃၀, ၀၀၀ တန် လက်ရှိစာချုပ်ကို သက်တမ်းတိုးခြင်း မရှိသေးသော ဆန်းချက်ဇ်၏ အနာဂါတ်နှင့်ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ စိုးရိမ်မှုမှာ မြင့်တက်လာနေသည်။

အာဆင်နယ်အသင်းအနေဖြင့် ဒဏ်ရာကြောင့် ခြောက်လကြာ အနားယူနေရာမှ ပြန်ကောင်းလာသည့် အသက် ၂၇ နှစ်အရွယ်၊ ပေါင်သန်း ၃၀ တန် ဒေါ့မွန်ကစားသမား မာကိုရူးစ်ကို   စောင့်ကြည့်နေသည်။

ဝင်းဂါးသည် မာကိုရူးစ်၏ခြေစွမ်းကိုအထူးနှစ်သက်သူတစ်ယောက်ဖြစ်ပြီး ခေါ်ယူရန်လည်းကြိုးစားခဲ့ဖူးသော်လည်း ဒေါ့မွန်အသင်းက ကစားသမားကို ဆက်ထိန်းထားနိုင်ခဲ့သည်။

ရူးစ်သည် ဥရောပတွင် အကောင်းဆုံးတောင်ပံကစားသမားများထဲမှတစ်ဦးဖြစ်ပြီး စာချုပ်သစ်တွင် တစ်ပတ်လုပ်ခပေါင် နှစ်သိန်း နှင့် စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းချုပ်ဆိုလိုသော ဆန်းချက်ဇ်၏   နေရာတွင် အစားထိုးရန် ရည်ရွယ်ခံထားရသည်။

စပိန်ညာနောက်ခံလူ ဘယ်လာရင်နှင့်စာချုပ်သစ်သဘောတူညီမှုရထားသည့် အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် အိုဇေးလ်ကိုလည်း တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းဖြင့် စာချုပ်သစ်ချုပ်နိုင်မည်ဟု မျှော်လင့်နေသည်။

သို့သော် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်း၏စိတ်ဝင်စားမှုကိုခံနေရပြီး ကစားသမား၏တောင်းဆိုမှုကို ဂျူဗင်တပ်က ဖြည့်ဆည်းနိုင်ဖွယ်မရှိသည့်တိုင် အာဆင်နယ်အသင်းမှာ ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်နိုင်ရန် မသေချာသည့်အနေအထားတွင် ရှိနေသည်။

ဘာစီလိုနာတွင် ဆန်းချက်ဇ်ကို နည်းပြခဲ့ဖူးသည့် မန်စီးတီးနည်းပြဂွာဒီယိုလာကလည်း ယင်းချီလီတိုက်စစ်မှူးကို စိတ်ဝင်စားနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly