နိုဝင်ဘာ ၁၈၊ အင်္ဂလန်။ ။ အယ်လ်အေဂလက်ဇီအသင်းမှ ထွက်ခွာခဲ့သည့် စတီဗင်ဂျရတ်သည် လစ်လပ်နေသော အမ်ကေဒွန်းစ်အသင်းနည်းပြရာထူး အတွက် ဆွေးနွေးနေသည်။
အင်္ဂလန်လိဂ်-၁ ကလပ်ကိုနည်းပြရန်စိတ်ဝင်စားကြောင်း ဂျရတ်က ဖော်ပြထားပြီး အသင်းဥက္ကဋ္ဌ ပိထ်ဝင်ကယ်မန်ကလည်း အသက် ၃၆ နှစ်အရွယ်ဂျရတ်ကို နည်းပြခန့်ရန် စိတ်အားထက်သန်နေသည်။
လီဗာပူးလ်နှင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းမှာ အကြိုတွေ့ဆုံဆွေးနွေးမှုပင် ပြုလုပ်ထားပြီးဖြစ်သည်။ အမ်ကေဒွန်းစ် နည်းပြရာထူးထက်ပိုမိုဆွဲဆောင်နိုင်သည့်အရာများစွာရှိသော်လည်း ဝင်ကယ်မန်သည် ရည်မှန်းချက်ကြီးမားသည့် လူငယ်နည်းပြ များကို အောင်မြင်မှုအချို့ရရှိအောင် မြေတောင်မြှောက်ပေးသည့် အစဉ်အလာများရှိခဲ့သည်။
ရောဘတ်တို ဒီမတ်တီယိုနှင့် ပေါလ်အင့်စ်တို့သည် နည်းပြဘဝအစောပိုင်းတွင် အမ်ကေဒွန်းစ်အသင်းကိုကိုင်တွယ်ခဲ့ကြပြီး ကားလ်ရော်ဘင်ဆင်မှာ ယင်းအသင်းကိုနည်းပြစဉ် အသက် ၃၀ သာရှိသေးသည်။
ရော်ဘင်ဆင်သည် အသင်းကို ခြောက်နှစ်ကြာကိုင်တွယ်ပြီးနောက် ပြီးခဲ့သည့်လကမှ ထွက်ခွာသွားခဲ့ပြီး အမ်ကေဒွန်းစ်နည်းပြ ရာထူးအတွက် စုံစမ်းမှု ၂၀၀ ကျော်ကို ဝင်ကယ်မန်လက်ခံရရှိထားသည်။
Ref; Daily Mail