American Music Awards ၂၀၁၆ မှာ ပုံစံဆန်း တမျိုးနဲ့ ဖျော်ဖြေမည့် Justin Bieber

American Music Awards ၂၀၁၆ မှာ ပုံစံဆန်း တမျိုးနဲ့ ဖျော်ဖြေမည့် Justin Bieber

အခုလာမည့်အပတ်မှာ ကျင်းပမယ့် American Music Awards ဆုပေးပွဲမှာ Justin Bieber ဖျော်ဖြေမယ် ဆိုတဲ့သတင်းကတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် သူကိုယ်တိုင် စတိတ်စင်ပေါ်ကို တက်ရောက်   ဖျော်ဖြေမှာတော့ မဟုတ်ပါဘူး။

သူဟာ Purpose ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတာဖြစ်ပြီး အခုလာမယ့်အပတ် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာပြုလုပ်မယ့် သူ့ရဲ့ဖျော်ဖြေပွဲကနေတဆင့် ဖျော်ဖြေမှာဖြစ်ပြီး American Music Awards မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေကကြေညာသွားပါတယ်။

အခုတစ်ကြိမ်နဲ့ပါဆိုရင်တော့ Justin Bieber ဟာ American Music Awards မှာ ဖျော်ဖြေတာ ခြောက်ကြိမ်ရှိ ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဆုပေးပွဲတုန်းကလည်း သူဟာ Lady GagaFifth HarmonyGreen DayThe WeekndJames BayJohn LegendBruno Mars စတဲ့ နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ ဖျော်ဖြေခဲ့ဖူးပါတယ်။

Ref: Enews

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly